My Lia (Final part)

34 6 0
                                    

(Unicode)
လွန်းဟာကျောင်းပြန်တတ်သည်။သူဟာဒီ
Semester ပြီးရင်ဘွဲ့ရပြီဖြစ်သည်။ သူဟာအရင် တစ်ခါကလီယာ‌ရှေ့မှာ အတူတွဲပြီးလမ်း လျှောက်ဖူးခဲ့တဲ့ ကညာဆိုတဲ့ကောင်မလေးနဲ့တွဲလိုက်ပြီဖြစ်သည်။

'လွန်း'
သူမဟာနေပြန်ကောင်းသွားပြီဖြစ်သည်။

လီယာဟာကားဘေးရပ်ပြီးလှမ်းခေါ်လိုက်တာကိုကြားပေမယ့် လွန်းဟာကညာ့လက်ကိုတွဲကာသူမအားမမြင်ချင်ယောင်နေယောင်ဆောင်နေလေသည်။

လီယာဟာချက်ချင်းပင်နှစ်ယောက်အနားကို
ရောက်သွားကာ

'လွန်း ဒါက ဘယ်လိုဖြစ်တာလဲ'
လွန်းဟာလျစ်လျူရှူထားလိုက်သည်။

လီယာဟာသူ့ရဲ့ဘေးကနေလိုက်ကာ
'ဘယ်လိုဖြစ်တာလဲလို့'

'ချစ်ခဏလေးနော် ကိုအမှိုက်သွားလွှင့်ပစ်မလို့'

လီယာဟာဆွံ့အသွားလေသည်။ လွန်းဟာထိုမိန်းကလေးအားချစ်ဆိုပြီးခေါ်လိုက်တာဖြစ်၏။သူမကိုတော့အမှိုက်တဲ့လေ။

'လာခဲ့'
လွန်းဟာသူမရဲ့လက်ကိုအတင်းအကြပ်ဆွဲကိုင်လိုက်ကာ ခေါ်ဆောင်သွားလေသည်။သူမဟာဒေါသထွက်နေသော်လည်း မထိတွေ့ရတာကြာပြီဖြစ်တဲ့လွန်းဆီကလက်အကိုင်ခံလိုက်ရတာကြောင့်အနည်းငယ်ပြုံးမိသွားလေသည်။

ချောင်တစ်ခုသို့ရောက်သည့်အခါလက်ကိုဆတ်ခနဲလွှတ်ချဖို့လုပ်တော့ လီယာဟာသူ့လက်ချောင်းလေးတွေကိုဆုပ်ကိုင်ထားနေသေးသည်။

'လွှတ်'

'ဇောင့်'

သူဟာအားပြင်းပြင်းနဲ့ခါချလိုက်သည်။

'လွန်းရယ် အဲ့လောက်တောင်စိမ်းကားသွားပြီ
လား ဟမ်'
သူမဟာမျက်နှာငယ်လေးနဲ့မေးသည်။

လွန်းဟာခါးကိုထောက်ကာသူမမျက်နှာကို
တည့်တည့်ကြည့်လိုက်ရင်း

'ဖြစ်နိုင်ရင် အဲ့ထက်တောင်ပိုစိမ်းကားချင်တာ'

လီယာဟာနှုတ်ဆိတ်သွားလေပြီ။

'အဲ့ကောင်မလေးကိုနင်ချစ်လား'

'ဒါပေမယ့် သူကျွန်တော့်ကိုချစ်တယ် ခင်ဗျား
လိုမျိုးဟန်ဆောင်လိမ်ညာတဲ့အချစ်မျိုးမဟုတ်ဘဲနဲ့ အချစ်စစ်နဲ့လေ'

My Lia (Completed)Where stories live. Discover now