(Unicode)
ကိုယ်အပေါ်ပိုင်းအ၀တ်မဲ့နေသည့်ခပ်ချောချောအမျိုးသားနှစ်ယောက်ဟာသူမအားပွေ့ဖက်နမ်းရှိုက်နေလေသည်။ လီယာဟာမှိန်းပြီးငြိမ်ခံနေလျက်။ထို့နောက်သူမအားကုတင်ပေါ်လှဲချလိုက်ပြီးအ၀တ်များကိုချွတ်သည်။ အပေါ်တစ်ထပ်ကိုချွတ်ပြီးနောက်
သူမဟာလွန်းရဲ့မျက်နှာလေးကိုပြန်မြင်ယောင်နေမိသည်။
'မသွားပါနဲ့ ကျွန်တော်တောင်းပန်ပါတယ်'
'အဲ့မျက်နှာဘေးနဲ့ ဟာ့'
'ဟင် ဘာပြောတာလဲ လီလီ'
လီယာဟာအမျိုးသားနှစ်ယောက်နဲ့အတူsex
လုပ်ဖို့အိပ်ရာထက်ရောက်နေသော်ငြား လွန်းရဲ့သူ့ကိုတားတဲ့မျက်နှာနဲ့အကြည့်ကိုသာပြန်မြင်ယောင်နေလေသည်။'တော်ပြီ ငါစိတ်မပါတော့ဘူး'
'ဟာ....ဒီမှာဆေးထိုးလိုက်လေ'
လီယာဟာဆေးထိုးအပ်ကိုကြည့်လိုက်ပြီးနောက်ငြင်းဆန်လိုက်သည်။
'တော်ပြီသွားကြတော့လို့'
ဒေါသသံနဲ့အတူ အမျိုးသားနှစ်ယောက်စလုံးဟာအ၀တ်အစားတွေကိုကောက်ဆွဲကာ သူမဆီကနေထွက်သွားကြတော့သည်။လီယာဟာစီးကရက်တစ်လိပ်ကိုထုတ်ပြီးမီးညှိဖို့အတွက် မီးခြစ်ကိုခလောက်လိုက်သည့်အခါ
'စီးကရက်တွေမသောက်ပါနဲ့တော့လား မရယ်'
'တကယ်လို့သောက်ချင်လာရင်အဲ့ဒီအစား ကျွန်တော့်ကိုရိုက် ရိုက်လို့သေသွားလည်းကိစ္စမရှိဘူး'
'အားးး'
သူမဟာ မီးခြစ်ကိုနံရံကိုကောက်ပစ်ထည့်လိုက်သည်။ ထပ်တလဲလဲ လွန်းမျက်နှာနဲ့လွန်းအသံကိုပဲကြားယောင်နေမိတာကြောင့် အင် မတန်စိတ်အနှောင့်အယှက်ဖြစ်နေပေတော့ သည်။ဖုန်းခေါ်လိုက်သည်။
......လွန်း......ဖုန်းမကိုင်။ဘယ်ကိုင်ပါမလိမ့်။ဖုန်းခေါ်ပြီးသူ့ကိုလာကြည့်ခိုင်းမှာစိုးတာကြောင့်ဖြစ်သည်။
ထပ်ခေါ်သည်။မကိုင်။ထပ်ခေါ်ရင်း
ခေါ်ရင်းနဲ့ဆယ်ခါမြောက်ဖြစ်သွားသည့်အခါ
လွန်းဟာစက်ကိုပိတ်ချလိုက်သည်။
YOU ARE READING
My Lia (Completed)
RomanceLiaဆိုတာ ယနေ့ခေတ်ရဲ့လွှမ်းမိုးမှုအရှိဆုံးနာမည်ကြီးဒိတ်ဒိတ်ကြဲဇာတ်ညွှန်းရေးဆရာမတစ်ယောက်~ သူမရဲ့ဇာတ်လမ်းတွေထဲကမင်းသားတွေတိုင်းနဲ့ပွေရှုပ်ပြီးငွေကိုရေလိုသုံးတဲ့ မင်းသမီးတွေရှုံးအောင်သိပ်ကိုလှတဲ့ red flag မမကိုမှတမ်းတမ်းစွဲချစ်နေမိတဲ့ သူမရဲ့ No.1 fan...