(Unicode)
အောင်စာရင်းထွက်သည့်နေ့။ခန့်မှန်းထားသည့်အတိုင်း လွန်းဟာတတိယနှစ်1st sem ကျသည်။
'လွန်းမင်းစာမေးပွဲကျတယ်ဆို'
'အဲ့ဒါဆိုဆက်မတတ်ဘဲနဲ့ ငါ့လောင်းကစားအ
ကြွေးတွေကို မင်းအလုပ်လုပ်ပြီးဆပ်ပေး'လွန်းဟာဘာမှမပြော။နှုတ်ဆိတ်နေလေသည်။
'တူလေး မင်းမှာဆွေမျိုးသားချင်းဆိုလို့ငါတစ်ယောက်ပဲရှိတာလေ မင်းကငါ့အတွက်ဒါလေးတောင်မလုပ်ပေးနိုင်ဘူးလား'
လွန်းဟာ ခေါင်းကိုငုံ့လိုက်ရင်း
'အင်းပါ ကျွန်တော်အလုပ်လုပ်ပြီးပိုက်ဆံပို့ပေးပါ့မယ်'
သူဟာငုတ်တုတ်ထိုင်ချလိုက်ရင်းခေါင်းကိုငုံ့ကာဆံပင်ကိုသပ်နေပေတော့သည်။
ထို့နောက်မြစ်ကမ်းဘေးတံတားပေါ်မှာလက်ရန်း ပေါ်လက်တင်ရင်း လေညှင်းသွားခံနေလေ၏။သူဟာစွပ်ကျယ်လေးသာ၀တ်ဆင်ထားပြီးအပေါ်အင်္ကျီလေးကိုတော့လက်ကကိုင်ထားလျက်။
သူဟာမိုးမျှော်တိုက်တစ်ခုနံရံက Liaပုံပါတဲ့ပိုစတာလေးတစ်ခုကိုလည်း သူတောင်မသိလိုက်ဘဲကြည့်နေမိပြန်ပါပြီ။သူဟာလီယာ့ပုံကိုကြည့်နေရင်းပြောသည်။
'သိရဲ့လား မမရဲ့ဇာတ်လမ်းတွေက ကျွန်တော့်ဘ၀ကိုဘယ်လောက်တောင်စိတ်ခွန်အားတွေပေးနိုင်လဲဆိုတာ'
'ဒါတွေမကဘယ်သိမလဲ ကျွန်တော့်အပေါ်ဆိုးဖို့ပဲလုပ်နေတယ် အား...သတိရလိုက်တာ'
'အခုလောက်ဆိုကျွန်တော့်ကိုစိတ်ပျက်နေလောက်ရောပေါ့'
'ပွမ် ပွမ်'
လီယာဟာကားပေါ်ကနေ ဟွန်းတီးလှမ်းခေါ်လိုက်သည်နှင့်လွမ်းနေတဲ့လွန်းဟာ အလိုလိုပြုံးမိသွားသည်။'မ'
'တက်'
သူဟာပျော်ရွှင်စွာပဲတက်လိုက်သည်။
ခဏအကြာမှာ လွန်းဟာမေးလိုက်သည်။
'မ ကျွန်တော်တို့ဆက်ဆံရေးကဘာလဲ'
'ကျွန်နဲ့သခင်ဆက်ဆံရေးလေ'
'ဘာလဲ ကျောင်းကိုတစ်ခါလေးလမ်းကြုံ၀င်ကြိုခဲ့တာကိုကိုယ့်ကိုယ်ကိုဘောင်၀င်ပြီလို့ထင်ပြီး တကယ့်ချစ်သူတွေလို့အထင်မှားနေတာလား'
YOU ARE READING
My Lia (Completed)
RomanceLiaဆိုတာ ယနေ့ခေတ်ရဲ့လွှမ်းမိုးမှုအရှိဆုံးနာမည်ကြီးဒိတ်ဒိတ်ကြဲဇာတ်ညွှန်းရေးဆရာမတစ်ယောက်~ သူမရဲ့ဇာတ်လမ်းတွေထဲကမင်းသားတွေတိုင်းနဲ့ပွေရှုပ်ပြီးငွေကိုရေလိုသုံးတဲ့ မင်းသမီးတွေရှုံးအောင်သိပ်ကိုလှတဲ့ red flag မမကိုမှတမ်းတမ်းစွဲချစ်နေမိတဲ့ သူမရဲ့ No.1 fan...