My Lia (Part-7)

18 4 0
                                    

(Unicode)
Yummy Ice cream shop။

'ဟိုမှာ Lia Lia'

လီယာဟာ ကောင်တာမှာရှိတဲ့ လွန်းရှေ့ကိုရောက်လာကာ

'စတော်ဘယ်ရီice creamတစ်ခွက်'

သူမဟာပုံမှန်ဧည့်သည်တွေအတိုင်းမှာယူလိုက်သည်။သည်လိုအချိန်မျိုးမှာ သူ့ကိုလာပြန်ချော့မည်ဟုကြိတ်ပျော်မိသွားသော လွန်းဟာသူ့ပါးသူပြန်ရိုက်ချင်သွားသည်။

လွန်းနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ပြီး လက်တော့ကိုဖွင့်ကာထိုင်လိုက်သည်။သူမဟာအလျင်လိုနေပြန်ပြပြီ။

လွန်းဟာရေခဲမုန့်ခွက်ကိုသူမဘေးနားလာချပေးလိုက်သည်။ထုံးစံအတိုင်းသူမဟာ ဇာတ် လမ်းရေးနေတာဖြစ်သည်။

သူမဟာလွန်းကိုမကြည့်။ရေခဲမုန့်တစ်ဇွန်းကိုခပ်စားပြီးနောက် ဖုန်းဆက်လိုက်သည်။

'ငါနေ့တိုင်းဒီအချိန်ဆို ရေခဲမုန့်ဆိုင်မှာရှိနေမယ်12နာရီကနေ ၂နာရီအထိဆိုရင်ငါ့အချိန် ဇယားတွေကိုအကုန်ရှင်းထားပေး'

ထိုအချိန်ဟာ အတိအကျလွန်းရဲ့အချိန်ပိုင်းပင်။

လွန်းဟာသွားဖို့ခြေလှမ်းပြင်လိုက်သည့်အခါ
လီယာဟာသူ့လက်လေးထဲကိုပိုက်ဆံအတန်ကြီးတစ်ရွက်ထည့်ပေးလိုက်သည်။

'Tip'

လွန်းဟာဆိုင်နောက်ထဲကသူဌေးအားလှမ်းပြောသည်။

'သူဌေး ကျွန်တော်တို့ဆိုင်ကTipလက်မခံဘူးမလား'

'အင်း ဟုတ်တယ်လေ'

'ဘုတ်'

သူဟာပိုက်ဆံကိုအပြန့်လိုက်အတိုင်းပြန်ချပေးလိုက်သည်။

ထိုအခါလီယာရုပ်တည်သွားကာ လက်တော့ကိုကောက်ပိတ်လိုက်ရင်း

'သူဌေး ဒါဆိုတစ်ဆိုင်လုံးငှားလို့ရတယ်မလား၀န်ထမ်းတစ်ယောက်တည်းထားပေး နှစ်ဆပေးမယ်'

သူဌေးဟာချက်ချင်းပင်ပြုံးပြီးထွက်လာကာ
'ဟာရတာပေါ့'

သည်လိုဖြင့် ဆိုင်ထဲတွင် လွန်းဟာလီယာနဲ့နှစ်ယောက်တည်းကျန်နေခဲ့လေတော့သည်။
လိုက်ကာတွေလည်းဆွဲပိတ်ခံလိုက်ရလေပြီ။

My Lia (Completed)Where stories live. Discover now