My Lia (Part-6)

23 4 0
                                    

(Unicode)
'မ'

'ကျွန်တော့်ကိုလာကြိုတာလား'

လွန်းဟာအင်မတန်ပြုံးရွှင်နေလျက်။

'အင်း တက်'

လွန်းဟာကားပေါ်တက်ပြီး ထိုင်ခုံခါးပတ်ကို
တပ်လိုက်သည်။

'သွားကြမယ်'
လွန်းစကားဆုံးသည်နှင့် လီယာဟာစီယာတိုင်ကိုလက်တစ်ဖက်ဖြင့်မောင်းနှင်နေပြီး ကျန်လက်တစ်ဖက်ဖြင့်မေးကိုထောက်ထားလေသည်။

မီးပွိုင့်မိသည့်အခါ စီယာတိုင်ကိုလက်ဖြင့်တောက်တတ်သည့်အကျင့်လေးဟာလည်းရိုးရာမပျက်။

လွန်းဟာသိပ်ကိုစမတ်ကျလွန်းတဲ့သူ့မမရဲ့လှုပ်ရှားမှုတစ်ခုချင်းစီကိုငေးကြည့်နေရင်း အသက်ရှူဖို့တောင်မေ့နေလေပြီ။

'လွန်း မေးနေတယ်လေ ဘယ်သွားချင်လဲလို့'

'ဟမ် ရပါတယ် ကျွန်တော်ကဘယ်သွားသွား
မနဲ့အတူတူဆိုရင်'

'အဲ့ဒါဆို ဘယ်မှမသွားတော့ဘူး ဒီအတိုင်းကားပဲပတ်စီးလိုက်မယ်'

လီယာဟာ ဒီအတိုင်းခြေဦးတည့်ရာ ကားပတ်မောင်းနေလိုက်သည်။သူမရဲ့driving skill ဟာအမျိုးသားတွေရှုံးသွားရမယ့် Levelတစ်ခုမှာရှိသည်။ဒါကြောင့်လည်းသူမဟာ girl crushတင်စားကြရင်းမိန်းကလေး‌ပရိတ်သတ်အများစုကဝိုင်းကြူးတာခံရတဲ့သူတစ်ဦးဖြစ်သည်။

Nike showroom တစ်ခုရှေ့သို့ရောက်သည့်အခါ လွန်းရဲ့အာရုံကိုဖမ်းစားလိုက်သည်ကိုလီယာဟာမြင်လိုက်သည်နှင့်

'ဘာဖြစ်လို့လဲ လိုချင်တာရှိလို့လား'

'လိုချင်တာတော့ရှိတယ် ဒါပေမယ့်အခုကဈေးကြီးနေဦးမှာ discount ရာသီကျမှပဲ၀ယ်တော့မယ်'

သူမဟာကားကိုချက်ချင်းပြန်လှည့်လိုက်ကာ
ထို showroom ရှေ့မှာရပ်လိုက်သည်။

ပြီးနောက်သူမဟာ လွန်းကိုကားပေါ်မှာထားခဲ့ကာNike ဆိုင်ထဲသို့၀င်သွားပြီးနောက် ဖိနပ်အိတ်လေးတစ်လုံးရယ် အခြားပစ္စည်းနှစ်မျိုးရယ်ကိုလက်ထဲဆွဲပြီး၀င်လာလေသည်။

လွန်းဟာဖိနပ်အိတ်ကိုမြင်လိုက်သည်နှင့်ရင်ခုန်သွားလေသည်။

My Lia (Completed)Where stories live. Discover now