ep-2

4.7K 85 0
                                    

Uni

လူလတ်ပိုင်းအရွယ် ငယ်ချစ်ဦးနှစ်ယောက်ရဲ့ ဆွေးဆွေးမြေ့မြေ့ခံစားချက်တချို့ပါ၀င်နေတဲ့ သီချင်းစာသားက နားထောင်နေရသူအပေါင်း မပေါင်းဖက်လိုက်ရတဲ့ အချစ်ဦးကို ပြန်လည်သတိရမိစေသည်အထိ ...

*သစ်ရွက်လေးတွေလှုပ်ခါသွားတိုင်း
မျက်တောင်လေး တစ်ချက်တုန်ခါသွားတိုင်း
ငါတို့ဟာ ဆယ်စုနှစ်တစ်ခုကို ဖြတ်ကျော်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိဖူးဘူး*

*ဆယ်ကျော်သက်ဘ၀ရဲ့ ရင်ခုန်သံဟာ သက်လတ်ပိုင်းအရွယ်ကို ရိုက်ခတ်နိုင်စွမ်း ရှိနေသေးတုန်းလား*

*နှလုံးသားနဲ့ဦးနှောက်ကို အချိုးချလိုက်တဲ့အခါ ငါတို့ဟာ ဆယ်စုနှစ်တစ်ခု ကုန်ဆုံးသွားခဲ့ပါပြီ*

အသံသွင်းနေတာကိုကြည့်ရင်း တချို့ Staff လေးတွေမှာ မျက်ရည်ပင်မခိုင်ကြတော့။

Female singer တစ်ယောက်ဖြစ်သည့် လီလီချန်းနှင့်အတူ couple song သီဆိုရခြင်းဖြစ်ပြီး လီလီချန်းဟာ ၀မ်ရိပေါ်နှင့် ကောင်းမွန်လှသည့် လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးဖြစ်သည်။

*Bravo! ! ၀မ်ရိပေါ်နဲ့ လီလီချန်းတို့ကတော့ တကယ့်ကိုပါပဲကွာ*

ပရိုဂျူဆာကိုယ်တိုင်က သီချင်းအပေါ် နှစ်မျောပါသွားဟန် နှာတစ်ချက်ရှုံ့ရင်း..

*အချစ်ဦးကိုတောင် သတိရသွားသလိုပဲ*

ဝမ်ရိပေါ်နှင့် လီလီချန်းဟာလည်း သီချင်းသွင်းသည့်အခန်းထဲကထွက်လာတာ ပရိုဂျူဆာနားသို့လျှောက်လာကြပြီး...

*အချစ်ဦးက ဘယ်တစ်ယောက်လည်းဆိုတာ ပရိုဂျူဆာကြီးက မှတ်မိသေးလို့လား*

လီလီချန်းက အရွှန်းဖောက်ကာ စနောက်‌တော့ ၀မ်ရိပေါ်ရော ပရိုဂျူဆာကြီးကပါ ရယ်လေတော့သည်။

*တကယ်ပြောတာ စာသားတွေက စိတ်ကိုတောင်မခိုင်ချင်တော့သလိုဖြစ်နေတာ မင်းတို့ရဲ့ vocal တွေနဲ့ပေါင်းလိုက်တော့ Slay me ပါပဲ*

*ဒီညဆိုင်ရွေးလိုက်ရတော့မလား*

*ကြက်ကြော်နဲ့beer ကောင်းကောင်းရတဲ့ဆိုင်သိတယ်*

Behind ME ⛔Where stories live. Discover now