ep-5

2.2K 54 4
                                    

Unicode

ရက်သတ္တပတ်ကျော်လွန်ပြီးရောက် တညနေခင်းတွင် ဝမ်ရိပေါ်ထံ စာတိုလေးတစ်စောင်ရောက်လာလေသည်။

*ဒီညအားလား*

ဝမ်ရိပေါ်ဟာ ရေချိုးခါနီး workout လုပ်နေချိန်တွင်ဖြစ်ပြီး စာဝင်လာသည်နှင့် တန်းကြည့်မိလေ‌တော့သည်။

ထို့နောက် ခပ်ရေးရေးပြုံးမိရင်း typing ရိုက်လိုက်သည်။

*အင်း အားတယ်*

*ဒါဆို Loyal Restaurant မှာ booking တင်လိုက်မယ် ညစာစားရအောင်*

စာပြန်ဝင်လာချိန်တွင် ဝမ်ရိပေါ်၏အပြုံးတို့ဟာ ပိုပီပြင် ပေါ်လွင်လာပြီး

*Ok ကိုယ်အဆင်ပြေတယ် ၇နာရီအရောက်လာခဲ့မယ်*

နာရီကိုကြည့်လိုက်တော့ ၆နာရီမတင်း ဖြစ်နေပြီမို့ ရေအဝသောက်ကာ ရေချိုးခန်းဝင်လိုက်တော့သည်။

.......

တစ်ဖက်မှ ရှောင်းကျန့်ကလည်း ဖုန်းကိုခုံပေါ်တင်လိုက်ပြီး နာရီတစ်ချက်ကြည့်ကာ Laptop ဖြင့် လုပ်လက်စများ ဆက်လုပ်နေလေသည်။
.
.
.
ခနအတွင်းမှာ ၆ခွဲနေပြီဖြစ်တာကြောင့် ရှောင်းကျန့်လည်း အဝတ်လဲကာ mask အမည်းတပ်ပြီး all black ဝတ်ဆင်ရင်း condo ထဲက ထွက်လာလေတော့သည်။

ကားကိုကိုယ်တိုင်ပဲမောင်းရင်း ချိန်းဆိုထားသည့် Restaurant ရှိရာထံသို့....

Condo နှင့်နီးသောကြောင့် ၇မိနစ်လောက်သာ ကားမောင်းရပြီး ဆိုင်သို့ရောက်သောအခါ သူ၏ လက်ထောက် booking ယူထားသော သီးသန့်ခန်းကို reception တွင်ပြောပြီးနောက်....

အချိန်အားဖြင့် ၇နာရီထိုးရန် ၁၅မိနစ်အလိုတွင် စာတိုတစ်စောင်ဝင်လာလေသည်...

*ကိုယ်ရောက်ပြီ*

*Reception မှာ Wei Long ဆိုတဲ့နာမည်နဲ့ဆိုရင်ရပြီ*

မကြာလိုက်... အခန်းတံခါးဟာ ပွင့်သွားပြီးနောက် all black ဝတ်ထားသည့် လူတစ်ဦးဝင်လာလေသည်။

သေချာပေါက် ဝမ်ရိပေါ်ပါလေ...

*ရောက်တာကြာပြီလား*

ဝမ်ရိပေါ်ကရောက်ရောက်ချင်း ရှောင်းကျန့်ရှိရာအနားသို့လျှောက်လှမ်းသွားပြီးနောက် mask နဲ့ ဦးထုပ်ကိုပါ ချွတ်လိုက်ရင်း မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။

Behind ME ⛔Where stories live. Discover now