Uni
ပြင်ပမှ အလင်းရောင်ဟာ လိုက်ကာကြားထဲကနေ တိုး၀င်လာပေမယ့် အခန်းထဲရှိ ခုတင်ပေါ်မှ အ၀တ်အစားတို့ကင်းကွာနေကာ တစ်ဦးကိုတစ်ဦး ဖက်လျက် အိပ်ပျော်နေကြသော ကောင်လေးနှစ်ယောက်အပေါ်တွင်တော့ သက်ရောက်မှုမရှိပေ။
ခုတင်အောက်တွင် အဝတ်အစားတို့ဟာ ပြန့်ကျဲလို့ ဖုန်းတစ်လုံးကလည်း အောက်တွင်ပြုတ်ကျနေလေသည်။ အသက်ရှုသံမှန်မှန်ဖြင့် အိပ်စက်အနားယူနေကြသော ကောင်လေးနှစ်ဦးမှာ တစ်ဦးက ရင်ခွင်ထဲမြုပ်နေအောင်အဖက်ခံထားရပြီး မျက်နှာလေးပင်မပေါ်။
၀မ်ရိပေါ်ဟာ ရင်ခွင်ထဲမှ အနွေးဓာတ်လေးအား ဖက်ထားရင်း သူ၏လက်တို့ကလည်း အိပ်နေရင်းတောင် တင်သားလုံးလုံးလေးကို ဖျစ်ညှစ်လိုက်သေးသည်။
............
တစ်နာရီကြာပြီးနောက်...
10:07 AM
ရင်ခွင်ထဲမှ ခန္ဓာကိုယ်လေးဟာ အနည်းငယ် လူးလွန့်လာမှုကြောင့် ၀မ်ရိပေါ်ဟာ နိုးလာရပြီး သူမျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် သူ့အိမ်မဟုတ်မှန် အမှတ်ရလိုက်မိသည်။ သူဟာ ညက အိမ်မက်ထဲတွင် ထိုလူသားအား အပြည့်အဝစားသုံးနေခဲ့ပါသည်တဲ့။
လက်မောင်းတစ်ဖက်က ထုံကျင်ကျင်ဖြစ်နေမှုကြောင့် အတွေးနယ်ချဲ့မနေဘဲ ငုံ့ကြည့်လိုက်တော့ သူ့ကိုဖက်တွယ်ကာ အနည်းငယ်လူးလွန့်ရင်း ငြိမ်သက်သွားကာ ပြန်အိပ်ပျော်သွားသူ။
ဒါဆို... ဒါဆိုရင် သူအိမ်မက်မဟုတ်ဘူးပဲ။
၀မ်ရိပေါ်ဟာ ပျော်ရွှင်မှုအနည်းငယ်စွက်သွားရပြီးနောက်မှာတော့ ညက ကိစ္စရပ်တို့ဟာ အထင်းအလင်းပြန်တွေးမိရင်း သူ့အောက်ကနေ သူ့ကိုအကြိမ်ကြိမ်တောင်းဆိုလာသည့် အသံလေးတွေကိုပါ တစ်ဆက်တည်းကြားယောင်လာမိပါတော့သည်။
ရင်ခွင်ထဲတွင်အိပ်စက်နေသူအား ငုံ့ကြည့်မိတော့ မျက်နှာလေးတောင်မမြင်ရ.. ဝမ်ရိပေါ်ဟာ ထိုခန္ဓာကိုယ်လေးအား ပို၍တိုးကာဖက်လိုက်ရင်း ခေါင်းငုံ့ကာ လည်တိုင်ဖွေးဖွေးလေးထက် နှာခေါင်းနစ်ဝင်ကာ မွှေးကြူလိုက်ပါတော့သည်။
YOU ARE READING
Behind ME ⛔
FanfictionWarning - ဖြူဖြူစင်စင်လေးတွေလို့ ခံယူထားရင် လာရာလမ်းအတိုင်းလှည့်ပြန်ပါရှင်။