Unicode
ဒီနေ့က weekend မဟုတ်ပဲ ကြားရက်ဖြစ်တာကြောင့် ကစားကွင်းတွင် လူသိပ်မရှိပဲ weekend တွေထက်ပို၍ လူရှင်းလို့နေသည်။
သူတို့လို အမြဲ ကိုယ့်ကိုယ်ကိုယ် သွားသတိလာသတိ ထိန်းချုပ်နေရသည့် idol တွေဖြစ်သည့်အတွက် ကစားကွင်းထဲရောက်လာသော်ငြား နှစ်ဦးလုံးက အနည်းငယ်တော့ ကြောင်စီစီနိုင်နေသည်။
နှစ်ဦးလုံးက အရပ်ကြီးတွေရှည်ကာ တအား smart ကျပြီး ထင်းထွက်နေသည့်အတွက် လူတချို့ကတော့ ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။ သို့သော် ဝမ်ရိပေါ်နှင့်ရှောင်းကျန့်ဟူ၍တော့ မမှတ်မိကြပါ
Mask တပ်ထားသည့်အပြင် ဦးထုပ်တွေပါ စောင်းထားသည်ကြောင့် တော်ရုံ သူတို့ကို မှတ်မိခဲလောက်ပါသည်။
သူတို့ယခု ရောက်နေသည့်နေရာကတော့ Shijingshan Amusement park တွင်ဖြစ်ပြီး ထိုနေရာသည် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။
နှစ်ဦးသားဟာ ဘေးချင်းယှဉ်လျှောက်နေရင်းမှ တစ်နေရာအရောက်တွင် ရှောင်းကျန့်က ခြေလှမ်းတို့ ဆက်မလှမ်းတော့ပဲ ရပ်တန့်လိုက်သည့်အခါ ဝမ်ရိပေါ်ကလည်း ရပ်လိုက်ပြီး ရှောင်းကျန့်ကိုကြည့်မိခိုက်.... ရှောင်းကျန့်က ဝမ်ရိပေါ်လက်ကိုဆွဲကာ တစ်နေရာသို့ပြေးသွားလေတော့ ဝမ်ရိပေါ်လည်း ဘာမှန်းမသိ အနောက်ကနေ လိုက်ရတော့သည်။
ရှောင်းကျန့် ဦးတည်သည်က Ticket ရုံဖြစ်ပြီး Roller coaster စီးရန် 2ယောက်စာ ticket ဖြတ်နေခြင်းဖြစ်သည်။
အလျှင်အမြန်ပဲ လက်မှတ်ဖြတ်ပြီးနောက် ထို လက်မှတ်နှစ်စောင်အား ဝမ်ရိပေါ်ရှေ့တွင် ထောင်ပြလိုက်ကာ....
*အဖွင့်ကို ရင်တုန်မှာလေးနဲ့ စလိုက်ကြတာပေါ့*
ထို့နောက် နှစ်ဦးလုံးဟာ roller coaster ပေါ်ကိုတက်သွားပြီး ထိပ်ဆုံးတွင်နေရာယူလိုက်ကြသည်။ သူတို့အပြင်အနောက်မှာ အတွဲတစ်တွဲသာရှိသေးသည်ကြောင့် လူနည်းနေသေးသောကြောင့် အခြားသူများကို ခနစောင့်နေရသည်။
ထိုအခိုက် ဝမ်ရိပေါ်ဟာ ရှောင်းကျန့်အနားကပ်လာပြီး...
*မကြောက်ဘူးလား*
YOU ARE READING
Behind ME ⛔
FanficWarning - ဖြူဖြူစင်စင်လေးတွေလို့ ခံယူထားရင် လာရာလမ်းအတိုင်းလှည့်ပြန်ပါရှင်။