Unicode
Hello Hello, BM လေးက plot မရှိသလိုနဲ့သွားနေတာကြာပြီဆိုတော့ တကယ့် story lineထဲကို ပြန်ဝင်ပါတော့မယ် ကျွန်တော်လည်း အပျင်းထူနေတာ တော်တော်ကြာခဲ့ပြီ။ ဆိုတော့ ကားလည်းစီးရင်း .....လည်းစီးရင်း Let's go......!!!!!
................
ရှောင်းကျန့်ရိုက်ကူးတဲ့ဇာတ်ကားက ရုံလည်းတင်ပြီဖြစ်ပြီး ဝက်ဝက်ကွဲအားပေးမှုတွေကြောင့် China ရုပ်ရှင်လောကတွင် တော်တော်လေးကို ပြောစမှတ်တွင်သွားခဲ့လေသည်။ ဇာတ်ကားတစ်ကားတည်းကို 6ပတ်ဆက်တိုက် ရုံတင်ခဲ့ရသည်အထိကို ဖြစ်ခဲ့ရသည်လေ....
ထို့အပြင် ရှောင်းကျန့်နဲ့ ရိုက်ကူးရေးအဖွဲ့သားတချို့က ပုရိတ်သတ်တွေကြားရောဝင်ပြီး ရုံထဲသွားရောက်၍ suprise သွားလုပ်သည်ကြောင့် Twitter (X) တခွင် ဝက်ဝက်ကွဲ ရှောင်းကျန့်နှင့်ပတ်သတ်သည်များက trending 1 to 10 ကို စိုးမိုးထားလေသည်။
Weibo မှာလည်း Hot search တက်နေပြီး ထိုထဲတွင်တော့ ဝမ်ရိပေါ်၏ Bgm သီချင်းကြောင့်လည်း ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ဟာ ခေါင်းစဉ်အမျိုးမျိုးဖြင့် တွဲလျက်ဖြစ်စေ တစ်ဦးချင်းစီဖြစ်စေ HS ဝင်နေသေးပြန်သည်။
ထိုနေ့က ညစာစားပွဲတစ်ခုဖြစ်ပြီး သူတို့လို အနုပညာရှင်တွေအနေနဲ့ လောကဝတ်ပြုရသည့် ကိစ္စသာရကာတို့ဟာလည်း ဒုနှင့်ဒေး...
ထိုပွဲက ရှောင်းကျန့်တို့ရုပ်ရှင်အောင်မြင်မှု အထိမ်းအမှတ် ညစာစားပွဲဖြစ်သည့်အတွက် ရှောင်းကျန့်က မပါမဖြစ်ဖြစ်ပြီး ထိုနည်းတူ ဝမ်ရိပေါ်ဟာလည်း မပါမဖြစ်ပါပင် ။
Dinner တွင် ဝမ်ရိပေါ်နှင့်ရှောင်းကျန့်က တဝိုင်းတည်းဖြစ်ပြီး သူတို့နှစ်ဦးကြားတွင်တော့ female actor တစ်ယောက်ရှိလေသည်။
*ဒီနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆုက ရှောင်းကျန့်အတွက်ပဲ*
ထိုဝိုင်းတွင်ထိုင်နေသည့် ပရိုဂျူဆာက ထိုသို့ပြောပြီး ရှောင်းကျန့်အပေါ် သူ၏အားရကျေနပ်မှုကို ဖော်ပြလေတော့... နောက်ခံအသံတည်းဖြတ်သူကလည်း...
*ဒါဆို အကောင်းဆုံး character song အတွက် singer ဆုကို ဝမ်ရိပေါ်ရမှာပေါ့*

YOU ARE READING
Behind ME ⛔
FanfictionWarning - ဖြူဖြူစင်စင်လေးတွေလို့ ခံယူထားရင် လာရာလမ်းအတိုင်းလှည့်ပြန်ပါရှင်။