ep-4

2.7K 75 2
                                    

Unicode

[နှစ်ပတ်ခန့်ကြာပြီးနောက်]

ဝမ်ရိပေါ်ဟာ Motorcycle Racer တစ်ဦးလည်းဖြစ်ပြီး Racing ပွဲတစ်ခုလည်းရှိလေသည် ။ ထိုနေ့က ပွဲနေ့ဖြစ်ပြီး ပြိုင်ပွဲဝင်ရန် အချိန်အားဖြင့် ၃၀မိနစ်ခန့်လောက်သာလိုတော့သည် ။

ဝမ်ရိပေါ်ဟာတော့ သွေးပူလေ့ကျင့်ခန်းတစ်ချို့လုပ်ပြီး၍ အစမ်းလည်းတစ်ပတ်ပတ်စီးပြီးဖြစ်ကာ ယခုအခါတွင်တော့ သူ၏ 85 YAMAHA ဘီးကြီးအား သေချာစစ်ဆေးပေးနေကြသည် ။

ဝမ်ရိပေါ်ကိုလာရောက်အားပေးသည့် fans များဟာလည်း နေရာအတော်အများအပြားတွင် နေရာယူထားပြီး banner အသီးသီးကိုင်ကာ အဆင်သင့်ဖြစ်နေကြပြီဖြစ်သည် ။

ဝမ်ရိပေါ်ဟာ သူ့ဖုန်းကို locker ထဲက ထုတ်ကာ ခနထိုင်သုံးနေလိုက်သည် ။ ဘာရယ်တော့ မဟုတ် ဟိုကြည့်ဒီကြည့်နဲ့ Twitter မှာ သူ့ဆိုင်ကယ်ပုံကို တင်လိုက်သေးသည် ။ ချက်ချင်းပင် ထို post အောက်မှာ ment တွေချက်ချင်းတက်လာကာ သူ့ကို အားပေးစကားပြောကာ ဆုတောင်းပေးနေသည့်စာများ .. ထိုအချိန် WeChat မှ notification တစ်ခုတက်လာလေသည် ။

*Fighting*

English စကားလုံးလေးတစ်လုံးအပြင်မပိုတဲ့ စာတိုလေးတစ်ခု ..

ဘယ်သူလဲ ? သူ့ WeChat account ကို ဘယ်လိုရတာလဲ ? မေးခွန်းနှစ်ခုက ချက်ချင်းခေါင်းထဲပေါ်လာပြီး မျက်မှောင်အနည်းငယ်ကျုံ့သွားမိသည် ။

သို့သော် ခနတာသာဖြစ်ပြီး ထို notification လေးအား noti bar မှ ဖယ်ရှားလိုက်တော့သည် ။

ထို့နောက် သူနှင့်အတူ ယှဉ်ပြိုင်မည့် တခြား racer တစ်ဦးမှာ အသိအကိုတစ်ဦးဖြစ်ပြီး သူ့အား လာနှုတ်ဆက်သည်ကြောင့် ဖုန်းပိတ်လိုက်တော့ကာ ထိုအကိုနှင့် စကားပြောနေလိုက်သည် ။

............

တစ်ဖက်တွင် နှုတ်ခမ်းအောက်က မှဲ့နက်လေးတစ်လုံးဟာ နေရာရွေ့သွားပြီး အပြုံးလှလှလေးဖြင့် လူတစ်ဦးဟာ ဖုန်းကိုကြည့်ရင်း သူ့ကိုမပြန်ထားသည့် Conversations တစ်ခုကို တစ်ခနမျှကြည့်နေလေတော့သည် ။

*Sean အဆင်သင့်ပါပဲ*

ပြုံးရယ်နေသည့်နှုတ်ခမ်းလေးဟာ တဖြေးဖြေးပြန်လည် တည်တံ့သွားပြီးနောက်....

Behind ME ⛔Where stories live. Discover now