Unicode
ဝမ်ရိပေါ်နှင့်ရှောင်းကျန့် နှစ်ဦးသားဟာ ယခုတွင်တော့ ရုပ်ရှင်ရုံ တစ်ရုံရှေ့ရောက်ရှိနေပြီဖြစ်ပြီး ရှေ့ပွဲမပြီးသေးသည့်အတွက် ရုံရှေ့က ခုံတွေတွင်သာ ဝင်ထိုင်စောင့်နေသည်။ ရှောင်းကျန့်လက်ထဲတွင် ပေါက်ပေါက်တစ်ဗူးနှင့် အအေးတစ်ဗူးကိုင်ထားပြီး ဝမ်ရိပေါ်လက်ထဲတွင်တော့ အာလူးကြော် ၂ဗူးနှင့် ရေသန့်တစ်ဗူးရှိလေသည်။
ရုပ်ဖျက်ထားသည့်တိုင် သူတို့နှစ်ဦး၏ ပုံစံမှာ ထင်းထွက်နေသည့်အတွက် ကောင်မလေးတွေထံမှ ကွက်ကြည့်ကွက်ကြည့် လုပ်ခြင်းကို ခံရမြဲသာဖြစ်သည်။
ဝမ်ရိပေါ်က ရှောင်းကျန့်နားသို့ ခေါင်းငဲ့စောင်းကာ နှစ်ကိုယ်ကြားနိုင်လောက်သည့်အသံဖြင့်
*Actor Xiao တို့ကတော့နော် ရုပ်ဖျက်ထားတာတောင် ဆွဲဆောင်မှုရှိနေတုန်းပဲထင်တယ်*
ထိုအခါ ရှောင်းကျန့်က...
*Idol Yibo ကိုတော့မမှီပါဘူး*
နှစ်ဦးသားရဲ့ အပြုံးတို့ဟာ mask အောက်တွင် ဖြစ်တည်နေကြပြီး မျက်ဝန်းတို့ဟာလည်း ပြုံးရယ်နေသည်မှာအသိအသာ...
ထိုစဉ်...
*ကောကော WeChat add လို့ရမလား*
ဝမ်ရိပေါ်အနားသို့ ကောင်မလေး ၂ယောက်ရောက်လာပြီး ထိုသို့လာပြောတော့အခါ...
*မရဘူးကလေးတို့ ဒါအကို့ကောင်လေး*
ရှောင်းကျန့်က တမင် ထိုကောင်မလေးများအား ပထုတ်ချင်သည့်အတွက် ထိုသို့ပြောလိုက်ခြင်းဖြစ်သော်လည်း... ဝမ်ရိပေါ်မှာတော့ ရှောင်းကျန့်ရဲ့ အကို့ကောင်လေးဟူသော အပြောကြောင့် ရင်ဘက်ထဲတွင် အနည်းငယ် တုန်ခါမှုလေးတစ်ခု ဖြတ်သန်းသွားရတော့သည်။
ဝမ်ရိပေါ်၏မျက်ဝန်းများဟာ ပြုံးရိပ်သမ်းနေပြီး ရှောင်းကျန့်ကိုသာ Mask နဲ့ ဦးထုတ် ကြားကနေ ကြည့်နေတော့သည်။
ထိုအခါ ထိုကောင်မလေးက..
*အာ....ဒါနဲ့လေ ကောကောအသံက တအားနားထောင်လို့ကောင်းတာပဲ မိန်း... ဒီကောကော အသံကို တစ်နေရာရာမှာ ကြားဖူးတယ်လို့ မခံစားရဘူးလား*

YOU ARE READING
Behind ME ⛔
FanfictionWarning - ဖြူဖြူစင်စင်လေးတွေလို့ ခံယူထားရင် လာရာလမ်းအတိုင်းလှည့်ပြန်ပါရှင်။