Unicode
ယနေ့တွက် ဝမ်ရိပေါ်ဟာ Drama ကားတစ်ကားရဲ့ character song တစ်ပုဒ်အတွက် အသံသွင်းဖို့ရှိနေပြီး သူဟာ အသံသွင်းရန်လည်း studio သို့ရောက်နေလေသည်။
ထို studio မှာတင် ထိုနေ့က shooting တစ်ခုရှိနေလေသည့်အတွက် လူအဝင်အထွက် တော်တော်ရှုပ်ယှက်ခက်နေလေသည်။ ဝမ်ရိပေါ်ဟာ သီချင်းအသံမသွင်းမှီ တစ်နေရာတွင်ထိုင်နေပြီး ရိုက်ကူးရေးဘက်သို့ကြည့်နေလိုက်သည်။
တခနအကြာ
*မင်းသားရောက်ပြီ*
ဆိုသည့်အသံနှင့်အတူ သူဟာလည်း တစ်ချက်ကြည့်မိလိုက်တော့... ထိုလူ မင်းသားဆိုသည်ါသူဟာ ရှောင်းကျန့်ဖြစ်နေလေသည်။
မတွေ့ရတာ ၂ပတ်လောက်ရှိနေပြီဖြစ်သည့်အတွက် တိုက်တိုက်ဆိုင်ဆိုင် လုပ်ငန်းခွင်တွင် ဆုံတွေ့လေတော့ သူဟာ ကိုယ်တိုင်တောင်မသိလိုက်ပဲ ပြုံးလိုက်မိသည်။
ဟုတ်ပါသည် ရှောင်းကျန့်ဆိုတာ နိုင်ငံကျော် မင်းသားတစ်လက်ဖြစ်ပြီး အောင်မြင်နေသည့် နာမည်ပျက်လုံးဝမရှိသော ထိပ်တန်းမင်းသားတစ်လက်ဖြစ်လေသည်။ ထို့ကြောင့် သူတို့နှစ်ဦး၏ တွေ့ဆုံမှုတိုင်းတွင် အမြဲ သတိကပ်နေရခြင်းသာ။
ရှောင်းကျန့်ကတော့သူ့ကိုမြင်ပုံမရ...
ထိုအချိန်တွင်...
*Wang... အသံသွင်းတော့မယ်*
သူ့လက်ထောက်အသံနှင့်အတူ သူဟာလည်း ထိုင်နေရာမှ ထရပ်လိုက်ကာ studio room ဆီသို့ ခြေလှမ်းကျဲသို့ဖြင့် လျှောက်လှမ်းသွားပါတော့သည်။
.......
ရှောင်းကျန့်ဟာ scene တစ်ခုရိုက်ကူးရန် music studio တစ်ခုထံသို့ရောက်ရှိနေတာဖြစ်ပြီး ပြသနာတစ်ခု ရိုက်ကူးရေးဘက်ကပေါ်လာသဖြင့် ရောက်ပြီးမှ shooting ဖျက်သိမ်းရသည့်အဖြစ်ပါရယ်။
ထိုအချိန်....
သူ့ဖုန်းထံ message တစ်စောင်ဝင်လာလေသည်။ ဖွင့်ကြည့်မိတော့...
*အဝေးကနေမြင်ရတာတောင် မင်းကအရမ်းစွဲဆောင်မှုရှိလွန်းတယ်*
ထို စာမြင်တာနဲ့ ဝေးပတ်ဝန်းကျင်သို့ လိုက်ကြည့်ပါသည့်တိုင် သူမြင်ချင်သည့်သူက မြင်ကွင်းတွင်ပေါ်မလာချေ
![](https://img.wattpad.com/cover/359915091-288-k596862.jpg)
YOU ARE READING
Behind ME ⛔
FanfictionWarning - ဖြူဖြူစင်စင်လေးတွေလို့ ခံယူထားရင် လာရာလမ်းအတိုင်းလှည့်ပြန်ပါရှင်။