Ep-3

480 33 1
                                    


[zawgyi]

ရိပေါ်  ဘေးနားက
ထိုင်ခုံငယ်လေးမှာ တိတ်ဆိတ်စွာ ထိုင်နေလိုက်သည်။

သူနဲ့မလှမ်းမကန်ကနေ
သူကိုကြည့်ကာ စကားပြောနေတဲ့
ကောင်လေးနှစ်ယောက်

ရိပေါ် ခေါင်းကိုသာငုံ့နေမိသည်။

သူကိုမကြည့်ပဲ
စကားပြောလို့ မရဘူးလား?

စိတ်လှုပ်ရှုားနေခဲ့တဲ့ ရိပေါ်
အခုမှ လွဲသွားတဲ့ခြေစစ်က နည်းနည်း
နာလာသလို။

ဗိုက်ကလည်း အခုမှဆာလာသလို။
ကောင်းရော့~

ဘေးနားခုံပေါ်မှာ ရှိတဲ့မုန့်ကို
ဆွဲယူစားဖို့အထိ ရိပေါ် အတင်းမရဲပါ။

သူများတွေက မုန့်ကို
လူနာအတွက်လာပေးတာလေ။

"ကောနာမယ်က"

"ဟာ~"

မုန့်ကိုခိုးကြည့်နေတုန်း ပြောလာတဲ့
ဟောက်ရွမ်းကြောင့် ရိပေါ်မှာ ကြောင်တောင်တောင်လေးပါ။

နာမည်က~

"ဝမ်ရိပေါ်"

သူပြောတော့ သူကို
အံသြတဲ့မျက်လုံးတွေနဲ့ ကြည့်လာတဲ့
ယွီပင်း။

ဘာဖြစ်မန်းတော့ ရိပေါ် မသိ
သိလည်းမသိချင် အခုသူသိချင်တာ ဘယ်အချိန်မှ
ဗိုက်ကို အစာဖြည့်ရမလဲဆိုတာပဲ။

ခွပ်~

ဗိုက်ကလည်းမသိတက်လိုက်တာ.
ဘာလို့ အသံပါမြည်လာရတာလဲ?

"ဗိုက်ဆာလို့လား?"

ရိပေါ် မသိမသာ
ခေါင်းငြိမ်လိုက်သည်။

တစ်သက်လုံး ကောင်းကောင်းစားသောက်လို့
ရတယ်သူရဲ့ ဝတ္ထုကိုတောင် ပြန်သွားချင်သလို။

ထိန်းသိမ်းလှတဲ့
သိက္ခာတွေတော့ ဒီဗိုက်စုတ်ကြောင့် ကျပါပြီ။

ဒါမန်းသိရင် ဒီဝတ္ထုထဲကို
အရင်ထဲက လျှာရှည်ပြီ ဖတ်မကြည့်ပါဘူး။

သူပြောတော့ ငိုနေတဲ့ကောင်လေးကို
သွားခေါ်လာတဲ့ ယွီပင်း

"ရှောင်းကျန့် မင်းဘာမှမစားရသေးဘူးမလား?
ဒီကောနဲ့အတူ ထမင်းသွားစားလိုက် ငါတို့ ချိုင်အာကို ကြည့်ထားလိုက်မယ်"

ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့ Where stories live. Discover now