Ep-7

394 26 1
                                    


[zawgyi]

ရိပေါ်က အလုပ်ကိုလုပ်နေရင်
အလုပ်ကို စိတ်မရောက်ပဲ
အခန်းရှေ့ကရှောင်းကျန့် ဆီကို စိတ်ကရောက်နေမိသည်။

ရှောင်းကျန့်က တကယ်ကို
သနားစရာလေးပဲ။

ရိပေါ် သူအတွေးတွေကို
ရပ်လိုက်ကာ အလုပ်ကိုပဲ
ဆက်လုပ်လိုက်တော့သည်။

......

အကိုဝမ်က သူနဲ့ပတ်သက်အရာတွေကို
တော်တော်များများသိနေတယ် သူမပြောပြပဲ။

ဒါကတော့ mediaတွေတောင်
သူအကြောင်းတွေကို သိပ်သိတာမဟုတ်ဘူးမလား?

သူအကြောင်းကို စုံစမ်းမယ်ဆိုလည်း
ဘယ်လိုစုံစမ်းနိုင်မလဲ?
သူက သိုသိုတိတ်တိတ်နေတာကို။

ပြီးတော့ သူcondoကို
ရောက်တာက အခန်းမှားလို့ ဆိုပေမဲ့
တစ်မျိုးကြီးပဲ။

အရင်ကဆို သူသိချင်တဲ့အ​ကြောင်းသေးသေးလေးကအစ
၂ရက်လောက်နဲ့ စုံစမ်းလို့ရတယ်။

အကိုဝမ်အကြောင်းကျ ၅ရက်လောက်
စုံစမ်းတာတောင် ဝမ်ရိပေါ်ဆိုတဲ့
နာမည်တစ်လုံးကလွဲ၍မသိရဘူး။

အကိုဝမ်က လူယောင်ဆောင်ထားတဲ့
သရဲများလား?
ရှောင်းကျန့် စဉ်းစားမိပြီ
ကြက်သိပ်တွေ ဖျင်းကတည်းထသွားသည်။

မဖြစ်နိုင်တာ~
ဒါပေမဲ့ သူအိမ်မှာကပ်နေတဲ့
သရဲဆိုရင်ကော?

တော်ပြီ ရှောင်ရှောင်းကျန့်
မဟုတ်တစ်ယုတ် အတွေးတွေကို
ရပ်လိုက်စမ်း!!

"ဒါက အရင်လချုပ်စာရင်းတွေပါ
CEO"

"....."

"CEOဗျာ"

"Aww လီမင်ရောက်လာပြီလား?
မင်းပါးကကောသက်သာရဲ့လား?"

"သက်သာပါတယ်
ဒါကအရင်လချုပ်စာရင်းတွေပါ"

"အင်း ဒီမှာထားခဲ့လိုက်
ဆိုင်ခွဲတွေက သတင်းတွေကော ရသေးလား?"

"ဟုတ် CEO
ကွမ်ကျိုးက ဆိုင်ခွဲက အရမ်းရောင်းအားကောင်းနေပါတယ် အရင်လနဲ့ဒီလနဲ့အတွင်း"

"ဟုတ်ပြီ
သွားလို့ရပြီ"

လီမင် ထွက်သွားတော့
ရှောင်းကျန့် လချုပ်က စာရင်းတွေကို
တစ်ချက်စစ်ဆေးသည်။

ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့ Where stories live. Discover now