[zawgyi]ဒုတ်...ဒုတ်...
ကွင်းအကျယ်ကြီးထဲက..
လူပေါင်းများစွာရဲ့ ရင်ခုန်သံက
ကျယ်လောင်လွန်းလှသည်။ထိုလူပေါင်းများစွာက
အံသြဟန်အပြည့်နဲ့
စိတ်လှုပ်ရှားနေကြသည်။လူအားလုံးရဲ့ အကြည့်တွေကို
basketballကို ကိုင်ဆောင်ထားတဲ့
ချောမောတဲ့ ကောင်လေးတစ်ယောက်ဆီ၌
ပုံအက်ထားကြသည်။ဝီ.....
ဝီကို မွတ်လိုက်တာနဲ့
တစ်ပြိုက်နက် ကောင်လေးတစ်ယောက်က
သူလက်ထဲက ကိုင်ထားတဲ့ basketballကို
ဂိုးတိုင်ထဲ ထည့်လိုက်သည်။"သွင်းလိုက်ပါပြီ ဆေးmajorက"
ရေး!!!~
ထိုကောင်လေးသွင်းလိုက်တာနဲ့
လူတွေရဲ့ ခြေထောက်တွေ ကိုယ်စီဟာ
လေပေါ်ကို မြှောက်သွားသလို ခုန်လိုက်ကြသည်။အားလုံးရဲ့ ချီကျူးသံတွေက
basketကွင်းတစ်ခုလုံးကို ပျံနှံသွားခဲ့သည်။Cheerleaderမမများက အမွှေးဖါဖါ
ပိတ်စများကို ကိုင်ကြကာ
ဘယ်ညာရမ်းပြီ နိုင်သွားတဲ့
Teamကို အားပေးကြသည်။Teamတစ်ခုလုံးအတွင်းမှာ အရပ်ရှည်ရှည်
ကြည့်ကောင်းလှတဲ့ ရှပ်ရည် ပြုံးလိုက်ရင်
အလွန်ကြည့်လို့ကောင်းပြီ နှုတ်ခမ်းရဲ့ဘယ်ဘက်အောက်မှာ နေရာယူထားတဲ့ မှဲ့နက်အသေးစားလေးနဲ့ လူသားငယ်တစ်ယောက်က basketကွင်းအလယ်မှာ တောက်ပနေခဲ့သည်။"ရိပေါ် ဝမ်ရိပေါ်!!"
သူက..ဝမ်ရိပေါ်
ဝမ်companyရဲ့ တစ်ဦးတည်းသော
သားလေး။ဥစ္စာပေါကလည်း
ပေါများသလို ဘဝကိုအပူအပင်
ကင်းကင်းနဲ့ ဖြတ်သန်းလှရသူ။စကားကို ပြောစရာရှိသောအခါနှင့်
ပြောချင်တဲ့အခါမှ စကားပြောသောလူတစ်ယောက်ဆိုလည်း သိပ်မမှားဘူး။တည်ငြိမ်တဲ့ အသွင်သဏ္ဍန်ရှိပြီ
မိန်းကလေးတွေရဲ့ အသဲနှလုံးကို ပိုင်ဆိုင်ထားတဲ့
နှင်းဆီခိုင်ကြီးဆိုလည်းမှားမည်မဟုတ်ပါ။ပြုံးလိုက်ရင်
ကလေးလေးလို ချစ်ဖို့ကောင်းပြီး
ဆွဲဆောင်မှုပြင်းသူတစ်ယောက်လည်း ဟုတ်သည်။
YOU ARE READING
ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့
Storie d'amoreဇာတ်ကောင် ကျွန်တော်က ဝတ္ထုထဲက ဇာတ်လိုက်တစ်ယောက်တဲ့လား..? ဒါပေမဲ့ ထူးဆန်းတာက ပိုပြီ ရှိနေပြန်သေးတယ်.. အဲတာက ကျွန်တော်ဘဝရဲ့လက်တွဲဖော် ကျွန်တော်ဘဝရဲ့လက်တွဲဖော်က ကျွန်တော်ဇာတ်ကောင်နေရာက ပါဝင်တဲ့ ဝတ္ထုထဲက မဟုတ်ပဲနဲ့ အခြားဝတ္ထုတစ်ခုက ဇာတ်လိုက်တစ်ယောက်တ...