ep-12

379 24 1
                                    


[zawgyi]

တီ.....တီ.....

နာရီနိုးစက်လေးက အခန်းတစ်ခုလုံး
ကြားနိုင်လိုက်အောင်အထိကို
ကျယ်လောင်သွားခဲ့သည်။

နာရီနိုးစက်ကိုပိတ်လိုက်ကာ
မျက်လုံးဖွင့်ကြည့်တဲ့ ရင်းနှီးလွန်းနေတဲ့
မျက်နှာကြပ်ကြောင့် အံသြမိပါသည်။

ရိပေါ် အိပ်ရာပေါ်က အမြန်ထလိုက်ပြီး
ခန်းဆီးကို အမြန်ဖယ်ရှားကြည့်လိုက်သည်။

သူအိမ်...!!!

ဘယ်လိုဖြစ်ပြီး သူကသူအိမ်ကို
ပြန်ရောက်နေရတာလဲ...?

"ဝမ်လေး နိုးနေရင်လည်း ထတော့လေ
ဒီနေ့က စာမေးပွဲရှိတယ်မဟုတ်လား..?
စာလေးဘာလေး ပြန်နွေးပေါ့ မားမနက်စာပြင်လာခဲ့တယ်"

စာမေးပွဲ ဘာစာမေးပွဲလဲ...?

"ရိပေါ် ခင်ဗျားပြန်လာခဲ့တော့"

ရုတ်တရက်ဆိုသလို ဟိုကောင်လေးရဲ့
အသံကြောင့် ရိပေါ် လန့်ကာ
ထလာမိသည်။

အိပ်မက်လား..?
အိပ်မက်မက်နေခဲ့တာလား...?

ရိပေါ် ဆံပင်ကို ဆွဲဖွလိုက်ပြီး
အိပ်ရာမှ ထလိုက်သည်။

အိပ်ရာဘေးနားက နာရီလေးကို
ကြည့်တော့ ၈နာရီထိုးနေပြီမို့
ရိပေါ် ငိုင်တိုင်တိုင်နဲ့ကြောင်နေမိသည်။

နေပါအုန်း ၈နာရီ....!!
ဒီနေ့က ဘာနေ့လဲ...?
မနေ့က sundayဆိုတော့ ဒီနေ့က
monday ဟ...
ရုံးနောက်ကျတော့မှာပဲ..။

ရိပေါ် အလျင်အမြန် ဗီရိုထဲက
ရုံးသွားဝတ်စုံတွေကို သေချာထုပ်ထားလိုက်ပြီး
ရေချိုးခန်းထဲအမြန်ပြေးဝင်ရသည်။

ရေကိုအမြန်ဆုံးချိုးပြီး
အကျီ၊ဘောင်းဘီဝတ်ကာ
မီးဖိုခန်းထဲကို အမြန်ဝင်ရသည်။

အချိန်သိပ်မရတော့တာကြောင့်
အသင့်စား mum mumတစ်ထုတ်ကိုသာ
အမြန် မီးဖိုပေါ်တင်ပြီး ကြက်ဥနဲ့
ပြုတ်လိုက်သည်။

mum mumတွေ ကျော်ကြားတော့
ဘာတဲ့....၃မိနစ်ပဲစောင့်တဲ့..
အခုတော့ သူပြုတ်နေတာ ၆မိနစ်လောက်မှာ
အဆင်ပြေတယ်။

ခေါက်ဆွဲပြုတ်ကို ပန်းကန်ထဲကို
အသာထည့်ကာ ပါးစပ်နဲ့အမြန်မှုတ်နေရသည်။

ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့ Where stories live. Discover now