ep-20

269 21 3
                                    


[zawgyi]

ဟွန့်...

တိတ်ဆိတ်ညိမ်သက်တဲ့ စာအုပ်ဆိုင်လေးထဲမှာ
ကောင်လေးတစ်ယောက်က
coffeeတစ်ခွက်ကို သောက်နေရင်း
သက်ပြင်းချလာသည်။

သူဒီလိုတွေ လုပ်ပေးနေတာ
မှန်မှ မှန်ကန်ပါရဲ့လား..?

တော်ကြာ ကာယာကံရှင်ဖြစ်နေသူကတာ
တစ်ခုခုကို ပြန်လည်မှတ်မိလာရင်
ပိုပြီတော့ မုန်းသွားနိုင်ချေရှိသည်။

သူစဉ်းစားနေချိန်
စာအုပ်ဆိုင်ထဲကို ဝင်လာတဲ့
ကောင်မလေးတစ်ယောက်ကြောင့်
ကောင်လေးက ထိုကောင်မလေး
ဝင်လာရာကို ကြည့်ပြီ ပြုံးမိသည်။

သူအခုတလော ဒီကောင်မလေးကို
လွှမ်းနေခဲ့ရတာ..

အခုလို ပြန်မြင်လိုက်တော့မှ
အလွှမ်းပြေသွားတော့တယ်။

ကောင်မလေးက သူအနားနားကို
တိုးကာ သူကို ပြုံးပြလာသည်။

"ရှင်းချန် သူတို့အခြေအနေတွေ
ဘယ်လိုနေသေးလဲ..?"

"အင်း ကိုယ်ကြည့်ရသလောက်ကတော့
အခုတလော အဆင်ပြေနိုင်တယ်
ဒါပေမဲ့ ကိုယ်စိုးရိမ်မိတယ်"

"ဘာလို့လဲ ရှင်းချန်..."

ကောင်မလေးက သူကို
သေချာကြည့်ကာ
ပြောလာတော့ သူဘာဆက်ပြောရမလဲမသိ..

"ကိုယ်တို့ ဆက်လိမ်ထားလို့
ကောင်းပါမလား..? တကယ်လို့
ကောသာ ပြန်မှတ်မိလာရင်
ချစ်ရဲ့ကောကို မှန်းသွားလိမ့်မယ်"

ဟွန်...

သူပြောလိုက်တော့ သက်ပြင်းရဲ့ရဲ့
ချကာ စာအုပ်ဆိုင်လေးရဲ့
တစ်ဖက်တစ်ချက်ကို ကြည့်ကာ
တစ်ခုခုကို တွေးတောနေတဲ့
ကောင်မလေးကို သူဆက်ပြီး
ကြည့်နေခဲ့သည်။

ကောင်မလေးရဲ့ ပြန်အပြောကို
စောင့်နေခဲ့သည်။

"အင်းနော် ရှင်းချန်ပြောတာလည်း
ဖြစ်နိုင်တယ် ကောကအဆင်ပြေပေမဲ့
ဟိုကောကတော့
အဆင်မပြေနိုင်လောက်ဘူး..."

"ကိုယ့်တို့ ဒီအတိုင်းပဲ
ဆက်သွားလို့ကောင်းပါမလား
ချစ်...."

.....................

ရိပေါ် သူအရှေ့ကကောင်လေးရဲ့
အပြောကြောင့် ကြောင်တောင်တောင်သာ
ထိုင်နေမိသည်။

ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့ Where stories live. Discover now