[zawgyi]
တီ...တီ....
ရှောင်းကျန့် နိုးစက်သံကြားတာနဲ့
နိုးစက်ကို အမြန်ပိတ်လိုက်သည်။တော်ကြာ နိုးစက်သံကြောင့်
အကို အိပ်ရေးပျက်သွားရလိမ့်အုံးမည်။ရှောင်းကျန့် အတွေးနဲ့တင်
သူရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို
အပူအပင်ကင်းစင်စွာ
အိပ်ပျော်နေတဲ့ အကိုကို
ကြည့်ကာ အကိုရဲ့
နဖူးတစ်စုံတို့ကို မသိမသာ
နမ်းရှိုက်လိုက်သည်။ရှောင်းကျန့် အကိုကိုကြည့်မိလေလေ
အခုတလော သူစိတ်ထဲမှာ
ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေက
ပိုမိုပြီ ရှုပ်ထွေးလာလေလေ
ဖြစ်တာမို့ အကိုကို
သူဘယ်လိုဆက်ပြီး တွေးတောရမလဲလို့
မသိတော့ပါ။အရင်အချိန်တစ်ခုကလို
သူဘေးနားကနေ သူချစ်ရတဲ့တစ်စုံတစ်ယောက်
ထွက်သွားသလိုမျိုး အကိုက
သူဆီကနေ ပြန်ထွက်သွားခဲ့မယ်ဆိုရင်..ရှောင်းကျန့်အတွေးနဲ့တင်
သူပါးပေါ် ဖြတ်သန်းစီးဆင်းသွားတဲ့
မျက်ရည်ကြည်တစ်ချက်ကို
တုပ်လိုက်မဲ့အစား အကိုကို
သူဘေးနားကပြန်မထွက်သွားနိုင်တော့အောင်လို့
အကိုကို
တင်းကြပ်စွာ ဖက်ထားချင်ခဲ့ပေမဲ့
အကို နိုးသွားမှာကြောက်တာမို့
ရှောင်းကျန့် မလုပ်ရက်ပါ။အကိုရယ်..
အကိုရဲ့ အရေးပေးမှုတွေကို
ကျွန်တော်ကို ပြန်ပေးနိုင်အောင်
ကျွန်တော်ကြိုစားပါမယ်။ရှောင်းကျန့် ဖြူစင်လွန်းလှတဲ့အကိုရဲ့
ပါးပြင်မို့မို့ကို လက်ကလေးနဲ့
တို့လိုက်ကာ နှုတ်ခမ်းလေးဖြင့်
အနမ်းပေးလိုက်ပြီး သန့်စင်ခန်းဘက်ကို
ထွက်လာသည်။................
"အကို ကျွန်တော် ခင်ဗျားကို
ကျွန်တော်နဲ့ပတ်သက်တဲ့ အခွင့်အရေးတွေ ပေးနေခဲ့လို့ ခင်ဗျားယောင်တက်မလားနဲ့...""အကိုကို ကျန့်ရဲ့ အိမ်ထောင်သည်တစ်ယောက်အနေနဲ့ အကိုမှာ ကျန့်ရဲ့အကြောင်းတွေကို
ဝင်ရောက်စွတ်ဖက်ခွင့်မရတော့ဘူးလား..?"ရိပေါ် သူရှေ့က ကောင်လေးနှစ်ယောက်ဟာ
တစ်ယောက်ကို တစ်ယောက်
ပေါက်ကွဲစွာ ပြောထွက်လာတဲ့အသံတွေကို
ကြားနေခဲ့တယ်။
YOU ARE READING
ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့
عاطفيةဇာတ်ကောင် ကျွန်တော်က ဝတ္ထုထဲက ဇာတ်လိုက်တစ်ယောက်တဲ့လား..? ဒါပေမဲ့ ထူးဆန်းတာက ပိုပြီ ရှိနေပြန်သေးတယ်.. အဲတာက ကျွန်တော်ဘဝရဲ့လက်တွဲဖော် ကျွန်တော်ဘဝရဲ့လက်တွဲဖော်က ကျွန်တော်ဇာတ်ကောင်နေရာက ပါဝင်တဲ့ ဝတ္ထုထဲက မဟုတ်ပဲနဲ့ အခြားဝတ္ထုတစ်ခုက ဇာတ်လိုက်တစ်ယောက်တ...