ep-10

366 27 1
                                    


[Zawgyi]

ဂျိန်း..!!!!!

မိုးတွေချိန်းလွန်းနေတဲ့ ညတစ်ည

ဟားဟား....!!!!!

ရိပေါ် ရုတ်တရက် မိုးချိန်းသံရယ်
ဘေးအခန်းက အော်ရယ်သံတွေကြောင့်
လန့်နိုးလာခဲ့မိသည်။

ဘေးအခန်းဆိုတာနဲ့
ပြေးမြင်လာမိတဲ့ ရှောင်းကျန့်မျက်နှာကြောင့်
ရိပေါ် အနွေးထည်လေး ကိုယ်ပေါ်ထပ်ဝတ်လိုက်ပြီ
ရှောင်းကျန့်အခန်းဘက်ကို
သွားလိုက်သည်။

အခန်းတံခါးခေါက်မဲ့အချိန်မှာပဲ
သူအလိုလိုပွင့်သွားတဲ့ တံခါးကြောင့်
ရိပေါ် မျက်မှောင်ကြုံမိသည်။

ဘာလဲဟ..?
ရှောင်းကျန့်ကို သူအခန်းတံခါးကို
အမြဲဒီလိုပဲ ဖွင့်ထားတာလား..?

ပေါ့ပေါ့ဆဆနဲ့ကွာ....

ဟွန့်.......!!

ရိပေါ် အခန်းထဲကိုဝင်ဝင်ချင်း
ဝိုင်တွေကို  သောက်ရင်း
မိုးရွာနေတဲ့ဘက်ခြမ်းကို ကြည့်ကာ
ရယ်နေတဲ့ ရှောင်းကျန့်ကြောင့်
သက်ပြင်းတစ်ချက်ချမိသည်။

"ရှောင်းကျန့်.."

"အကို"

သူခေါ်သံကြားတာနဲ့ မတ်တပ်ရပ်ကာ
သူအနားကို တိုးလာခဲ့တဲ့ရှောင်းကျန့်

ရုတ်တရက် သူရင်ခွင်ထဲကို
တိုးဝင်လာတဲ့ ရှောင်းကျန့်ကြောင့်
ရိပေါ် မျက်လုံးပြူးရပ်သားသာ
ရပ်နေရာအတိုင်း ရပ်နေမိသည်။

ခဏအကြာမှာ ရှောင်းကျန့်ရဲ့
ခေါင်းလေးကို အသာလေးပွတ်ပေးလိုက်သည်။

ရယ်သံတွေ မရှိတော့တဲ့
ရှောင်းကျန့်က သူရင်ခွင်ထဲမှာ
ငိုနေခဲ့သည်။

သူကို ဆိုဖာပေါ်ထိုင်စေခဲ့ပြီ
ရှောင်းကျန့်က သူပေါင်ကို
ခေါင်းအုံးလုပ်ကာ မျက်လုံးတွေကို
အသာအယာမှိတ်လိုက်တဲ့ ရှောင်းကျန့်က
သူပေါင်ပေါ်မှာတင် အိပ်တော့မည်ပုံပါ။

"ရှောင်းကျန့် အိပ်ချင်ရင်
အိပ်ရာပေါ်ကို အကိုပို့ပေးမယ်လေကွာ"

သူအပြောအတိုင်း ရှောင်းကျန့်က
မတ်တပ်ခဏရပ်ကာ
သူကိုတွဲစေသည်။

ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့ Where stories live. Discover now