Ep-6

414 31 1
                                    


[zawgyi]


ရိပေါ် ရှောင်းကျန့်ကို
အလုပ်ရခဲ့ကြောင်းပြောပြလိုက်သည်။

"ဘာအလုပ်တဲ့လဲ"

သူပြောတော့
ချက်ချင်း ဇွန်းကိုချလိုက်ကာ
မေးလာတဲ့ ရှောင်းကျန့်က
တော်တော် သိချင်နေပုံပဲ။

"CEOရဲ့ အတွေးရေးမှူးဆိုပဲ
အကိုကတော့ အဲCEOနဲ့ အလုပ်မလုပ်ချင်ပါဘူး"

သူပြောပြီ ရှောင်းကျန့်မျက်နှာကို
ကြည့်လိုက်သည်။

မျက်လုံးမှေးမှေးလေးတွေက ပြူးသွားပြီ
သူကို စကားနိုင်ထိုးပါတော့သည်။

"CEOနဲ့က ဘာလို့အတွေးရေးမှူးအတူ
မလုပ်ချင်တာလဲ ဒီလောက်ကောင်းတာကို"

"ဘယ်က ကောင်းရမလဲ?
မကောင်းပါဘူး ဒါနဲ့ရှောင်းကျန့်က ဘာလို့ကောင်းတာကို
သိနေတာလဲ? ရှောင်းcompanyက CEOနဲ့ အလုပ်တူတူလုပ်ဖူးလို့လား?"

"အဲတာကတော့"

ရိပေါ်က အောင်နိုင်သူအပြုံးကို
မျက်နှာမှာ တပ်ဆင်လိုက်သည်။

ဘာကြောင့် ရှောင်းကျန့်ကလည်း
သူက ရှောင်းcompanyရဲ့ CEOဆိုတာ
ထုတ်မပြောတာလဲ ရိပေါ် မခန့်မှန်းတက်။

"ရှောင်းကျန့်က မိဘတွေနဲ့ဘာလို့မနေတာလဲ"

ရိပေါ်ဘက်ကပဲ
စကားကိုစလွဲလိုက်တော့သည်။

ဝတ္ထုထဲမှာက ရှောင်းကျန့်ကို
ရှောင်းမျိုးရိုးလို့တာ ပြောတာ
ရှောင်းကျန့်ရဲ့ မိဘအကြောင်းတွေ သိပ်ရေးထားခြင်းမရှိလို့ မေးလိုက်တာဆို ပိုမှန်လိမ့်မယ်။

ရှောင်းကျန့်မိဘတွေအကြောင်းပါလာတာ
တစ်ခန်းနှစ်ခန်းလောက်ပဲ။

ရှောင်းကျန့်ကို စုကျင်းကျင်းဆိုတဲ့ ရှောင်းကျန့်သဘောမကျတဲ့ တစ်ယောက်နဲ့ စေစပ်ပေးတဲ့အခန်းရယ် နောက်ဆုံးအခန်းတစ်ခုရယ်။

အေးပေါ့လေ
စာရေးဆရာလား? ဆရာမတော့ ရိပေါ် မသိပေမဲ့ ထိုသူက ၁၀ကျော်သက်ပဲ ဖြစ်မယ်မှန်း ရိပေါ် ခန်မှန်းမိသည်။

ဘာကြောင့်လည်းဆိုတော့
အချစ်အကြောင်းတွေကိုပဲ ယူရေးထားတာမို့
မိဘအကြောင်းတွေတော့ ပါတဲ့ အပိုင်း၂၀မှာ အနည်းဆုံးတော့ ၉ပိုင်းတော့ ပါသင့်တယ်မဟုတ်လား?

ကိုယ်ဖူးစာရှင်ကတခြားတစ်နေရာကတဲ့ Where stories live. Discover now