//𝐊𝐄𝐘// 1

238 11 4
                                    

"လူစုခွဲမှရမယ် RM hyung ကJule hyungနဲ့အတူသွားပါ၊ Clyde hyungကJudy hyungနဲ့၊ Jack hyungကတော့တစ်ယောက်တည်းလည်းဖြစ်တယ်မလား"

"အင်း"

တပ်ဆုတ်ကာ အဆောက်အဦးအပျက်တစ်ခုထဲမှာစကားပြောနေချင်းဖြစ်သည်။

"Benjamin နဲ့ Jakeတို့ကိုလည်းပြောထားပြီးပြီမို့ မြို့ထဲက Vech Airport မှာတွေ့မယ်၊ အကုန်လုံးရုပ်ဖျက်ခဲ့ကြပါ"

"Ni-ki မင်းက-"

အရေးနဲ့အကြောင်းဆိုတစ်ယောက်ယောက်ကတော့ပျောက်နေလိုက်ရမှ။

"ဒီကောင်ဘယ်ပျောက်နေပြန်တာလည်းကွာ hyungသူဘယ်မှာလည်းသိလား"

"မသိဘူးJay သူနဲ့နောက်ဆုံးပြောဖြစ်တာလွန်ခဲ့တာမိနစ်20လောက်က၊ Harleyနဲ့လာမယ်ပြောတာပဲ"

သေချာပေါက်တစ်ခုခုတော့မှားနေပြီ Ni-ki Harley ကအဲ့လောက်မနှေးပါ။

"ရတယ် ကျွန်တော်‌Jakeတို့နဲ့တွေ့မှသူ့ကိုဆက်သွယ်ကြည့်မယ် အခုတော့သွားမှရတော့မယ်၊ Vech Airport မှာတွေ့ကြမယ်"

"နောက်တစ်ခု ဒီMissionမကျဆုံးဘူး ခနရပ်နားလိုက်တာပဲ သေချာပေါက် ဒီmissionကိုလည်းပြီး‌ဆုံးတဲ့အထိထမ်းဆောင်ကြမယ်"

"Impossibles!!"

အဖွဲ့ရဲ့signature နာမည်တစ်ခုကိုအားလုံးအော်လိုက်ကြတာလမ်းခွဲခဲ့ပြီဖြစ်ပါသည်။

အခုဆိုရင်တော့ RMကစာအုပ်ဆိုင်ပိုင်ရှင်၊ Juleကတိရိစာန်ဆရာဝန်၊ Clydeက Journalist၊ Judyက ဆရာဝန်၊ Jackကသူ့အဖေကုမ္ပဏီတစ်ခုကိုဝင်ဦးစီးနေတာဖြစ်ပြီး Jayကိုယ်တိုင်ကတော့အရင်ထဲကပိုင်ခဲ့တဲ့ကုမ္ပဏီမှာပဲပြန်အလုပ်လုပ်ဖြစ်နေပါသည်။ Benကဆက်သွယ်လို့ရပြီဖြစ်သော်လည်း Jakeကရန်သူ့လက်ထဲပါသွားပြီတဲ့။
Jakeကိုကယ်ဖို့မလိုကြောင်းHeeseung hyung ကကယ်ထုတ်လာ‌ကြောင်းလည်းပြောပါသည်။

"အင်း Ben မင်းကfigure skaterပဲမလား"

"ဟုတ်တယ် ဒါနဲ့ငါမေးပါဦးမယ် Ni-kiဘယ်မှာလည်းသိရပြီလား"

"အဲ့တာကJakeမရှိပဲမရဘူးBen၊ ငါအဲ့ဘက်တွေသိပ်အကျွမ်းကြီးမဟုတ်ဘူး"

"ထားပါ သူလာပါလိမ့်မယ် ငါပွဲစတော့မယ်သွားပြီ"

"အင်း"

တီတီတီ
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||

"အာ့ ခေါင်းကရှယ်ကိုက်နေတာပဲ"

"အမ် ဒါဘာလည်း ငါတိုက်ပွဲထဲမှာပါ၊ သတိလစ်ပြီးအိမ်မက်မက်နေတာလား??"

"မဟုတ်ပါဘူးJakeyရာ"

နိုးနိုးချင်းမြင်လိုက်ရသည်မှာ မျက်နှာကျက်ဖြူဖြူနဲ့အခန်းတစ်ခန်း၊ တံခါးကိုဖြေးဖြေးချင်းဖွင့်ဝင်လာသူက......Lee Heeseung။

"ခဗျားဒါဘာလုပ်တာလည်း! Benတစ်ယောက်တည်းမဖြစ်ဘူးLee Heeseung၊ ကျုပ်ကိုအခုပြန်ပို့စမ်း!"

"သူ့ဟာသူဘာဖြစ်ဖြစ်ကိုယ်နဲ့မှမဆိုင်တာ Ni-ki သွားမယ်ပြောသံကြားပါတယ်"

"ဒါနိုင်ငံ့ထိပ်တန်းလျို့ဝှက်အဖွဲ့ပါLee Heeseung ခဗျားဝင်စွပ်ဖက်သင့်တဲ့အရာတွေလည်းမဟုတ်သလို ထင်ရာဆိုင်းလို့မဖြစ်ဘူး ဒီmissionကျဆုံးခဲ့ရင်...ကျနော့်...ကျနော့်ညီလေးကိုသတ်ပစ်ကြလိမ့်မယ်"

မျက်ရည်ကဘယ်လိုမှမထိန်းနိုင်တော့တာ တစ်ဦးတည်းသောညီလေးကို Australia မှာထားခဲ့ရပြီး ဒီmissionကိုညီအစ်ကိုနှစ်ယောက်စလုံးရဲ့အသက်နဲ့ရင်းပြီးလုပ်နေရခြင်းဖြစ်ပါသည်။

"မငိုနဲ့ မင်းညီလေးဘာမှမဖြစ်ဘူး၊ ကိုယ့်လူတွေရှိတယ်"

"ခဗျားသရုပ်မှန်ကဘာများလည်း"

"မင်းကိုချစ်တဲ့လူပါ ဂျယ်ယွန်း၊ ကိုယ်နဲ့ပတ်သက်ပြီးအဲ့တာပဲသိထားရင်ရပြီ၊ ကိုယ်ပြန်လာခဲ့မယ်"

ထိုသူသည်ဒီမျှသာပြောပြီးတံခါးအားဖွင့်ကာထွက်သွားခဲ့ပြီဖြစ်ပါသည်။

"ခဗျားရဲ့ကျောပြင်ကိုမကြည့်ချင်တော့ဘူးအီဟီဆွန်းရယ်"

A/N first side coupleတစ်တွဲတော့ပါလာပြီ နည်းနည်းချင်းညှပ်ရေးသွားမယ်Side cpတွေကို ဘာလို့ဆိုMain cpတွေအကြောင်းတောင်မပါသေးတာမို့ပါ။

Coming back for more...

𝐊𝐄𝐘//𝐇𝐢𝐚𝐭𝐮𝐬//Where stories live. Discover now