//𝐊𝐄𝐘// 15

57 5 3
                                    

***
ရုံးချုပ်မှထိုအခင်းနေရာတွင်ရှိနေခဲ့ကြသည့်လူတွေအကုန်လုံးအားခေါ်ထားသည်မို့သူတို့အကုန်ဟာdormရဲ့ဧည့်ခန်းမှာစုနေခဲ့ကြသည်။

"ဗိုလ်ချုပ်ကတစ်ခုခုတော့တစ်ခုခုပဲ ဒီကိစ္စကဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကိုသူဘယ်လိုသတိထားမိတာလဲ"

"သူကသေချာပေါက်ဒီလိုဖြစ်သွားနိုင်ချေရှိတာကိုသိ‌ထားတာဖြစ်ရင်ဖြစ် မဟုတ်ရင်သူလည်းပဲငါတို့လိုရုတ်ချည်းပြောင်းလဲသွားတာကိုသတိထားမိတာနေလိမ့်မယ်"

"ဘယ်လိုပဲဖြစ်ဖြစ်လေဟျောင်းရာ အခင်းနေရာမှာရှိမနေရင်သတိထားကိုထားမမိနိုင်တာ"

Namjoonဟာဖြစ်နိုင်ချေတွေအားခြုံငုံကာမေးခွန်းထုတ်နေခဲ့သည့်Ni-Kiအားဖြေပေးနေခြင်း။

"ဒါကိုဆွေးနွှေးဖို့ခေါ်ထားတာပဲနေမှာပါ သေချာတယ်"

"လုံးဝဗိုလ်ကြီးကတစ်ခုခုပဲဗျာ"

"ဟိုရောက်ရင်သိရမှာပေါ့"

"ကျနော်တော့သိချင်လွန်းလို့နှစ်ပိုင်းလုံးသေနေပြီ"

ခနအကြာကားဟွန်းသံကြားရသဖြင့်အကုန်လုံးဒီဇိုင်းကာလာဘာညာအနေအထားတွေတစ်ချက်သ'ကာ ရုံးချုပ်မှလွှတ်လိုက်သည့်mini busထဲတွင်14ယောက်လုံးနေရာယူကာထွက်ခွာခဲ့ကြသည်။

"ဗိုလ်ကြီးကကပ်စီးအရမ်းနည်းတာပဲ Limoလွှတ်လိုက်တော့ဘာဖြစ်မှာမို့လို့လည်း"

"မင်းမို့ပြောရဲတယ်ဂျီမင်း ဗိုလ်ကြီးပိုက်ဆံသုံးတယ်ဆိုလို့ငါတို့ငါးမန်းလိုက်လို့သေခါနီးအချိန်မှာspeed boatကိုဒေါ်လာ800ကျော်ပေးပြီးလွှတ်ပေးတုန်းကဟာပဲရှိတယ်"

"ကျနော့်ဖြင့်အဲ့တုန်းကသေပြီပဲတွက်ထားတာ ငါးမန်းစုတ်ကတကယ်ကြီးခြေထောက်နားထိလှမ်းဟပ်တယ်ဆိုတာဂျောင်ဂုကကျနော့်ကိုဆောင့်ဆွဲလိုက်လို့သာလွတ်သွားတယ်"

"အဲ့ငါးမန်း‌ကမင်းနောက်ပဲလိုက်တာသိလား ဟိုးးအဝေးကြီးမှာလှမ်းမြင်ရကတည်းကမင်းဆီတန်းကနဲလာတာ၊ ငါတို့အကုန်speed boatပေါ်ကုန်းတက်ပြီးအ‌သေမောင်းပြေးတာတောင်အဲ့ငါးမန်းကရပ်မသွားပဲလိုက်လာသေးတာ"

𝐊𝐄𝐘//𝐇𝐢𝐚𝐭𝐮𝐬//Where stories live. Discover now