လွန်ခဲ့သောတစ်ပတ်>>>>>
"ဒီစစ်ဆင်ရေးကိုအသေးအစိတ်ရှင်းပြပါမယ် meeting roomကိုကျေးဇူးပြုပြီးလိုက်ခဲ့ပေးကြပါ"
Meeting roomထဲတွင်သမ္မတကြီးကစောင့်နေပါသည်။
"ထိုင်ကြပါ"
အသီးသီးနေရာယူပြီးနောက်သမ္မတကြီးကပဲစကားစပြောပါသည်။
"မင်းတို့ကိုခေါ်တယ်ဆိုတော့ mission အပ်ဖို့ဆိုတာလောက်တော့ခန့်မှန်းပြီးသားနေမှာပါ"
"အင်း"
Jayကသမ္မတလည်းလူပဲဟုခံယူထားသူမို့စကားကိုခပ်ပြတ်ပြတ်ပဲပြောခြင်းဖြစ်သည်။
"ဒီတစ်ခေါက်Missionကအန္တရယ်များတယ် မင်းတို့USဘက်ကိုသွားရလိမ့်မယ်"
"ဒါပေမဲ့USသမ္မတကမင်းတို့သရုပ်မှန်တွေကိုလည်းမသိဘူး ဒီစစ်ဆင်ရေးကိုလည်းမသိဘူး၊ အဲ့တာကြောင့်အထူးကြပ်မတ်ပြီးလုပ်မှဖြစ်မယ်"
"သိပါပြီ အဲ့တော့missionက?"
"မလောနဲ့၊ ဒုတိယကမ္ဘာစစ်တုန်းကတိုက်လေယာဉ်တွေနဲ့စစ်ဖြစ်ခဲ့တုန်းက လေကြောင်းလိုင်းနဲ့အရေးကြီးတဲ့ပစ္စည်းတစ်ခုကိုသယ်လာခဲ့တယ် သော့တစ်ချောင်းပဲ ဒါပေမဲ့လေယာဉ်ပျက်ကျပြီးအဲ့ဒီပစ္စည်းကပျောက်ချင်းမလှပျောက်သွားခဲ့တာ အဲ့ဒီသော့ကလွန်ခဲ့တဲ့1ပတ်လောက်ကပြန်ပေါ်လာခဲ့တယ် နောက်ဆုံးခြေရာခံမိတာကUSက Ethen ဆိုတဲ့လူဆီမှာ ခက်တာက အဲ့ဒီEthenဆိုတဲ့လူကိုနာမည်ပဲကြားဖူးကြတာ မျက်နှာဘယ်သူမှမမြင်ဖူးဘူး"
"အဲ့ဒီသော့ကဘာအတွက်လည်း ဘာကိုဖွင့်တဲ့သော့လည်း"
ဒါကိုတော့Jule hyungကမေးခြင်းဖြစ်ပါသည်။
"သေချာပေါက် ဘာကိုဖွင့်တာလည်းမသိရတဲ့အတွက် ငါတို့ကိုယူလာခိုင်းတာပေါ့"
ကြားထဲမှRM hyungကဖြတ်ထိုးညဏ်ကောင်းသူပီပီဝင်ဖြေလိုက်ခြင်းဖြစ်ပါ၏
"Bingo! မှန်ပါတယ်"
"အဲ့တော့ အစီအစဉ်ကဘယ်လိုလည်း"
"Jayမင်းကိုအဲ့သော့ရဲ့ပုံတူတစ်ချောင်းပေးမယ် Ethenက 19ရက်နေ့ကျရင်အီတလီကိုသွားလိမ့်မယ် အလဲအလှယ်လုပ်ဖို့အတွက်ပေါ့၊ အလဲအလှယ်လုပ်မဲ့ပစ္စည်းကသော့ပဲ။ မင်းကEthenအယောင်ဆောင်ပြီးသူ့ထပ်အရင်ရောင်းသူဆီသွား ပြီးရင်နောက်သော့တစ်ချောင်းကိုယူလာခဲ့"
YOU ARE READING
𝐊𝐄𝐘//𝐇𝐢𝐚𝐭𝐮𝐬//
Fanfictionအထူးတပ်ဖွဲ့ကအတော်ဆုံးတပ်သားတစ်ယောက်နဲ့ခါးပိုက်နှိုက်တဲ့အတက်မှာသူမတူအောင်ထူးချွန်လှတဲ့သူခိုးလေးတို့ဘယ်လိုအကြောင်းတွေကြောင့်အလုပ်အတူတူတွဲလုပ်ပြီးဖောလင်းအင်လပ်သွားမလည်းစောင့်ကြည့်ကြစို့ကွာ Jaywon/Action