//𝐊𝐄𝐘// 19

82 5 0
                                    

***

"ကျနော့်ကိုခေါ်တာတဲ့..."

Jayဟာအခုလေးတင်ဖုန်းပြောထားသည်ဖြစ်ကာဖုန်းအားလက်ထဲမှမချရသေး..။

"မင်းနဲ့အရင်ပြောချင်လို့နေမှာပေါ့ သေချာပြောခဲ့ဦး"

"ဂျောင်ဝန်းကိုနည်းနည်းစောင့်ကြည့်ထားပေးမလားဟျောင်း.."

Jayဟာနှစ်ယောက်ကြားနိုင်ရုံလေသံလေးဖြင့်သာNamjoonအားပြောလိုက်ခြင်း။

"မင်းဘာတွေးနေမလဲငါသိပါတယ်...ဒါပေမဲ့လည်းJayရာ.."

"‌ဖြစ်နိုင်ချေဆိုတာရှိတယ်လေဟျောင်း..ဒါ
ပေမဲ့လည်းကျနော်ကသူဘယ်သူဖြစ်ဖြစ်၊ ဘာလုပ်လုပ်၊ ကျနော်နဲ့မဆိုင်ပါဘူး.."

"အင်းပါ ငါကြည့်ထားပါ့မယ်"

NamjoonဟာJayဘာကိုသိချင်နေသလဲသိနေသလိုရှိသည်ကြောင့်ခေါင်းအသာငြှိမ့်ပြလိုက်သည်။

"ကျေးဇူးပါဟျောင်း"

NamjoonဟာJay၏ပုခုံးအားကိစ္စမရှိကြောင်းအသာပုတ်ပြီးဧည့်ခန်းအားထွက်သွားလေ၏။

"ဂျောင်ဝန်း"

Jungwon၏လှည့်အကြည့်နှင့်Jay၏အနောက်ဘက်မှအုပ်မိုးကာခေါ်လိုက်ခြင်းဟာတိုက်ဆိုင်သွားပြီးနှစ်ယောက်သား‌အတော်လေးကိုပူးပူးကပ်ကပ်ဖြစ်သွား‌လေရဲ့။

"အာ ဟို...ပြောပါ"

"အဟမ်း ဟို.."

Jungwonဟာအနောက်သို့တစ်လှမ်းဆုတ်လိုက်ချိန်မှာနှစ်ယောက်စလုံးရှက်ကိုးရှက်ကန်းနှင့်ဂုတ်အားပွတ်မိလေတော့သည်။

"ကိုယ့်ကိုဝန်ကြီးလောင်းကခေါ်ထားတယ် ဒီနေ့အပြင်သွားဖို့ကအဆင်မပြေတော့ဘူးဂျောင်ဝန်းရယ် နောက်အပတ်ဆိုရင်ဖြစ်သေးရဲ့လားဟင်မ်"

မျက်နှာငယ်လေးနှင့်Jungwon၏လက်ဖျားလေးအားကိုင်ကာခခယယပြောမိသော်လည်း....Jungwon၏တုံ့ပြန်ချက်ဟာသူထင်ထားသလိုဟုတ်မနေခဲ့..။

"ဗျာ!!"

"‌ကိုယ်တောင်းပန်ပါတယ် စိတ်ပျက်သွားတယ်ဆိုလည်းကျေနပ်အောင်ကိုယ်သေချာdateတစ်ခုပြင်ဆင်ထားပါ့မယ်"

"ဟို အဲ့- အဲ့လိုမဟုတ်ဘူးလေ!"

Jungwonဟာဝန်ကြီးလောင်းဟုကြားလိုက်သည်နှင့်ကိုလန့်ဖြန့်ကာကြက်သီးတွေပါဖြန်းဖြန်းထသွားရသည်။

𝐊𝐄𝐘//𝐇𝐢𝐚𝐭𝐮𝐬//Where stories live. Discover now