***
"ဟယ်လို""အာ ဂျောင်ဝန်း၊ ကိုယ်ပါ"
"အော်Jay hyung၊ ဘာ...ဘာများပြောချင်လို့လဲဗျ"
"ဟို ဟိုတစ်နေ့ကကိစ္စအတွက်ကိုယ်တောင်းပန်ပါတယ်၊ pheromone ကိုအပြစ်ဖို့ရအောင်ကလည်းကိုယ်သာထိန်းခဲ့ရင်မဖြစ်မဲ့ကိစ္စမို့လို့တကယ်တောင်းပန်ပါတယ်"
"အာ ဟုတ်ကဲ့ ရပါတယ်Jay hyung၊ ကျနော်လည်းစကားကိုရင့်ရင့်သီးသီးပြောမိသွားလို့တောင်းပန်ပါတယ်"
"မဟုတ်တာ ဂျောင်ဝန်းမှာပြောပိုင်ခွင့်အပြည့်ရှိပါတယ်၊ ဒါပေမဲ့လေ မျက်နှာပြောင်တာတော့မဟုတ်ပေမဲ့ ကိုယ်မင်းကိုတကယ်သဘောကျတာမို့လို့ပါ၊ မင်းကကိုယ့်မျက်လုံးထဲအမြဲထင်းထွက်နေခဲ့တာ ဒီလိုမျိုးတွေပြောဖူးတာပထမဆုံးမို့စိတ်မရှိပါနဲ့။ ကိုယ့်ကိုတစ်ရက်လောက်အချိန်ပေးပြီးကြိုးစားခွင့်လေးပေးမလားဟင်"
Jayဟာတရစပ်ပြောပြီးဖုန်းကိုကိုင်ထားရင်းတစ်ဖက်ကလက်ကစာရွက်အလွတ်မှာစိတ်လှုပ်ရှားစွာပုံတွေထိုင်ဆွဲနေမိသည်။
တစ်ဖက်မှJungwonဟာလည်းရှက်ရှက်နဲ့ခေါင်းအုံးအစွပ်ကိုဆွဲချွတ်နေတာခေါင်းအုံးနှစ်လုံးလောက်ကတုံးလုံးဖြစ်နေပြီ။
"ဟို ကြိုးစားမယ်ဆိုတော့ကျနော်ကသဘောကျမလာခဲ့ရင်ရော....အာ...အဲ့လိုမဟုတ်ပဲသဘောကျသွားရင်ရော"
"ဂျောင်ဝန်းကသဘောကျမလာခဲ့ရင်ကိုယ်ကနောက်ဆုတ်ပေးပါ့မယ် သေချာပေါက်ငှက်ပြောတုံးနဲ့ညားမှာပဲလေ ဒါပေမဲ့ဂျောင်ဝန်းသာသဘောကျသွားခဲ့ရင်ကတော့......ရှေ့ဆက်တိုးရမှာပေါ့"
Jungwonပထမစကားကြောင့်ရယ်ချင်သွားသော်လည်းဒုတိယစကားဟာတော့ရယ်ချင်စရာမပါနေခဲ့။ မျက်နှာပိုးကိုအမြန်သတ်ကာဆုံးဖြတ်ချက်ချရတော့သည်။ Jungwon....Jungwonလည်းပဲခံစားချက်တွေရှိနေလောက်တာလား။ Jungwonဟာလည်းကိုယ့်ကိုယ်ကိုယ်အတည်ပြုချင်မိသည်။
"အဲ့..အဲ့လိုဆိုရင်ဘယ်နေ့လောက်ဖြစ်မလဲဟင်"
"မနက်ဖြန်ရမလားဂျောင်ဝန်း"
"ရပါတယ်"
"ဟုတ်ပြီ သွားချင်တဲ့နေရာမျိုးရှိလား"
YOU ARE READING
𝐊𝐄𝐘//𝐇𝐢𝐚𝐭𝐮𝐬//
Fanfictionအထူးတပ်ဖွဲ့ကအတော်ဆုံးတပ်သားတစ်ယောက်နဲ့ခါးပိုက်နှိုက်တဲ့အတက်မှာသူမတူအောင်ထူးချွန်လှတဲ့သူခိုးလေးတို့ဘယ်လိုအကြောင်းတွေကြောင့်အလုပ်အတူတူတွဲလုပ်ပြီးဖောလင်းအင်လပ်သွားမလည်းစောင့်ကြည့်ကြစို့ကွာ Jaywon/Action