*flash back end*
***
"ဖာ့ခ်ပဲ ဒီတံခါးကိုဘာသားနဲ့ထုထားသလဲမသိဘူး"
ပါးစပ်ထဲမှာဓာတ်မီးတစ်လက်အားကိုက်ကာ လက်ထဲတွင်အိတ်ဆောင်ဓါးအသေးလေးကိုင်ထားလျက်ဖြင့်ရေရွတ်လိုက်ခြင်း။
"ဟာကွာ ဓါးကကျိုးချင်နေပြီ၊ အီဟီဆွန်းရေကျေးဇူးတွေလည်းတင်ပါတယ်"
ဒါနဲ့ဆိုJakeကိုအခန်းထဲထည့်ပိတ်ခံထားရတာ3ရက်မြောက်၊ Heeseungက2မိနစ်တစ်ခါလောက်လာလာကြည့်ပေမဲ့မနေ့ကစပြီးမလာတော့တာဖြစ်သည်။
"မတက်နိုင်ဘူး မကျိုးမချင်းဆက်ကလန့်မှာပဲ လာထား"
*ဝုန်း!*
"အောင်မလေးလေး! သရဲမတွေကြွကြွ နင်နဲ့ငါနဲ့ညား! ဖာ့ခ်!"
လေလေးချွန်ရင်းတံခါးကိုဓါးတစ်ချောင်းဖြင့်ကလန့်ကာဖွင့်နေတုန်း အုန်း ကနဲ Heeseungကတံခါးကိုဖွင့်ပြီးJakeအပေါ်ယိုင်ကျလာတာ။
"ဟမ် ဘာဖြစ်လာတာလည်း"
အားလားလား ကိုယ့်အပေါ်ကိုသူ့ခန္ဓာကိုယ်ကြီးနဲ့ထပ်ပြီးပက်လက်လန်ကျတာဖင်ညှောင့်ရိုးကိုအီစိမ့်သွားတာပဲ။
"အာ့ ဖယ်ဦး ကျနော်ပိ'နေပြီ"
သူ့ကိုယ်အလေးကြီးမှအားမနာJakeအပေါ်ကိုမှီချထားခြင်း။
"ဟာ ဖယ်ပါဆို-"
"ဟင်"
တွန်းထုတ်လိုက်မိကာမှတစ်ဖက်လူရဲ့မျက်နှာကိုသေချာမြင်ရခြင်းဖြစ်သည်။ သူထင်ထားသလိုချွဲနေတာမဟုတ်ပဲအားပြတ်နေတဲ့လူလိုမျိုးမျက်နှာမှာလည်းဒဏ်ရာတွေဗရပွနဲ့။
"ခင်ဗျားဘာဖြစ်လာတာလည်း ကျနော့်ကိုပြော!"
"ဘာမှမဖြစ်ဘူး ဒီတိုင်းကိုယ့်ဂျယ်ယွန်းကိုဖက်ထားလိုက်ရင်အဆင်ပြေသွားမှာ"
"ဖက်နိုင်သေးလို့လား"
"မသိဘူး"
အမြဲတမ်းအတင်းဖက်တက်တဲ့လူကလက်တွေကိုတောင်မလှုပ်နိုင်တော့ပဲခေါင်းနဲ့သာအတင်းတိုးခွေ့နေတာ။
မတက်နိုင်တော့Jakeဘက်ကသာဖက်ထားပေးလိုက်ရသည်။"အင်းမ် နေလို့ကောင်းသွားပြီ"
တစ်ခါတစ်လေတော့အမြဲထွေးပွေ့ပေးတက်တဲ့လူတွေကိုလည်းတစ်ဖန်ကိုယ့်ဘက်ကထွေးပွေ့ပေးရမဲ့အချိန်တစ်ခုရောက်လာနိုင်ပါတယ်။
YOU ARE READING
𝐊𝐄𝐘//𝐇𝐢𝐚𝐭𝐮𝐬//
Fiksi Penggemarအထူးတပ်ဖွဲ့ကအတော်ဆုံးတပ်သားတစ်ယောက်နဲ့ခါးပိုက်နှိုက်တဲ့အတက်မှာသူမတူအောင်ထူးချွန်လှတဲ့သူခိုးလေးတို့ဘယ်လိုအကြောင်းတွေကြောင့်အလုပ်အတူတူတွဲလုပ်ပြီးဖောလင်းအင်လပ်သွားမလည်းစောင့်ကြည့်ကြစို့ကွာ Jaywon/Action