***
"Cuz I've made some real big mistakes!! But you made the worst one look FINE!! I should have known it was strange!, you only come out at NIGHTT"
ဗြန်းဗြန်း!
"I USED TO THINK I WAS SMART, BUT YOU MADE ME LOOK SO NAIIVE!!"
ဗြန်း!ဗြန်း!
"The way you SOLD ME FOR PARTS, AS YOU SUNK YOUR TEETH INTO MEEEE!!!"
ဗြန်း!!
အိုလစ်ဗျာရဲ့သွေးစုတ်ဖုတ်ကောင်သီချင်းအားအပီအပြင်ဆိုနေသည့်Jakeဟာမသိရင်ဘဲပစ်ခံထားရသည့်အလား Jayဟာတော့သူနှင့်မတူအောင် high noteတွေပါအသံသေးအသံကြောင်ဖြင့်အော်နေတာဖြစ်သည်။ Sunghoonဟာတော့လက်ထဲကshakerအားကိုင်ကာ တစ်ဗမ်းဗမ်းဖြင့်ရိုက်နေတော့သည်။ကာရာအိုကေဆိုတာနှင့်ဟဲကြသည့်အဖွဲ့ထဲငြိမ်သည့်လူတစ်ယောက်မှမပါတာမို့အားနာစရာလည်းမလို၊ အကုန်လုံးဟာကိုယ့်ပိုးနဲ့ကိုယ်ရွစိထနေကြတာ။
"OHHHHH BLOOD SUCKER!"
"FAME FUCKER!!"
"BleEdInG mE dRy LiKe A gOdDaM vAmPiRe"
တစ်ယောက်တစ်လှည့်ဆီmicအားဆွဲဆွဲလုကာဆိုနေသည့်နှစ်ယောက်ဟာ 3ပိုင်းပါသည့်နေရာအားအရောက်တွင်တော့Sunghoonထံထိုးပေးလာသည်မို့ တမင်မယားငယ်တုံးပိသံအားလုပ်ဆိုပေးလိုက်သည်။
"အားရှ် မင်းကလည်း!"
"ဘာလဲ ငါ့အသံမှာကြွေသွားတာမလား"
"ဘောကွာ ဟျောင့်Jakeဟိုဟာဖွင့်စမ်းပါ"
"အိုကေ!"
ချပ်!
"ငါနောင်တရနေတယ်။
ငါတို့ငြင်းခုံခဲ့တဲ့နေ့
ငါကငါ့မာနကြောင့်
အဆုံးသတ်ရအောင်လို့ ပြောခဲ့တယ်။"
ချင်! ချင်!
ဟိုဒီချင်းဆိုတာကိုနားလည်၍ဖွင့်ပေးလိုက်သောသီချင်းဟာEmergency room by izi။
သီချင်းဟာmoodနှင့်အကိုက် စာသားတွေဟာလည်းဒီနေ့ကျမှထိထိမိမိ။
" မကြာခင်တွေ့မယ်ထင်တယ်။
မင်းငါ့ကိုရှာတွေ့မယ်လို့ ငါမျှော်လင့်တယ်။
ဒါပေမယ့် ရက်အနည်းငယ်ကြာမှတောင်
သတင်းတောင် မရှိဘူး။"
YOU ARE READING
𝐊𝐄𝐘//𝐇𝐢𝐚𝐭𝐮𝐬//
Fanfictionအထူးတပ်ဖွဲ့ကအတော်ဆုံးတပ်သားတစ်ယောက်နဲ့ခါးပိုက်နှိုက်တဲ့အတက်မှာသူမတူအောင်ထူးချွန်လှတဲ့သူခိုးလေးတို့ဘယ်လိုအကြောင်းတွေကြောင့်အလုပ်အတူတူတွဲလုပ်ပြီးဖောလင်းအင်လပ်သွားမလည်းစောင့်ကြည့်ကြစို့ကွာ Jaywon/Action