မြေ့သက်ထူး"
"Present sir"
Saint Patrick Private High School မှ Grade 12 class Bတွင် roll call ခေါ်နေခြင်းဖြစ်သည်။
အတန်းပိုင်ဆရာရဲကျော်၏ခပ်တင်းတင်းအသံကစာသင်ခန်းအတွင်းခပ်မှန်မှန်ပေါ်ထွက်နေ၏။
အတန်းခေါ်မှတ်တမ်းပြီးသွားပြီးနောက် ဆရာ့စာသင်သံက ကျောင်းသားများအားဖင်တကြွကြွဖြစ်နေစေသည်။
၁၀မိနစ်ခန့်ကြာပြီးနောက်......
"မင်းတို့အားလုံး basketball ပြိုင်ပွဲကြည့်ချင်နေကြမယ်ဆိုတာ ဆရာသိတယ် ဒါပေမဲ့ ဒီ problem တွက်ပြီးမှအတန်းလွှတ်မယ်""ဟာ..."
"မဟာနဲ့ " ဆိုသောဆရာအသံကြောင့် အတန်း B မှကျောင်းသားများ၏ ဟာ ဆိုသောအသံများပိတ်သွားလေသည်။
အတန်း၏အလယ် row ၃တန်းမြောက်မှာထိုင်ရှိနေတဲ့ပုံရိပ်လေးကတော့ လောနေပုံပေါ်တယ်။
သူမ၏မျက်လုံးက အတန်းအပြင်ဘက်ခဏခဏရောက်နေပြီး စိတ်ကတော့ အားကစားရုံထဲရောက်နေပြီဖြစ်သည်။"ခန့်ထည်ရဲသွေး "..ဒုန်းဒုန်းဒုန်း
"ခန့်ထည်ရဲသွေး " ..ဒုန်းဒုန်းဒုန်း ..........................."Twenty four Twenty four.."
"အား..."
" ရေး..3 points ရပြီဟေ့.." class Aမှကျောင်းသူများမှာအာခေါင်ခြစ်အော်နေကြသည်။ကျောင်းသားများ၏မျက်လုံးတွင်လည်း ခန့်ထည်ရဲသွေးသည် အထင်ကြီးဖွယ် လေးစားဖွယ်တောက်ပလျက်ရှိသည်။
5' 9" ရှိသောအရပ်အမောင်း ဖြူဖွေးတုတ်ခိုင်သော body နှင့် နက်မှောင်သောဆံပင် မျက်ခုံးဆို့ကြောင့် ဤလူသားသည် အမြဲထင်းထွက်နေသည်။
အပြုံးချိုချိုကိုဆင်မြန်းထားသောသူသည်နေရောင်အောက်တွင်တောက်ပလျက် ။
ထီမထင်အကြည့်များပေးတတ်သေးသလို ပြုံးလိုက်တိုင်းပျားရည်ကဲ့သို့ချိုမြသော အပြုံးပိုင်ရှင်သူသည် တစ်ဘက်အသင်းခေါင်းမထောင်နိုင်အောင် pointsများယူလျက်ရှိသည်။ပွဲပြီးခါနီး 3 points scoreထပ်ရသောကြောင့် ပွဲကြည့်ပရိတ်သတ်တို့ အားပေးသံများကခေါင်မိုးပွင့်ထွက်မတတ် ထွက်ပေါ်လာသည် ။ ထိုအော်ဟစ်အားပေးသူများထဲမှာ မြေ့သက်ထူးတစ်ယောက်အဝါအဝင်ဖြစ်သည်။
Class B မှကျောင်းသူများကမြေ့သက်ထူးကို သတ္တဝါအထူအဆန်းတစ်ခုမြင်လိုက်ရသကဲ့သို့ ကြည့်နေကြလေသည် ။
"Class B ရှုံးပါတယ်ဆိုမှ ဒင်းကပျော်ပြီးအော်ဟစ်နေတာဟေး " ထိုကျောင်းသူများကပွစိပွစိပြောနေတာကိုလည်း သက်ထူးတသ်ယောက်အပျော်လွန်ပြီးမကြားနိုင်။ သူမတိတ်တခိုးသဘောကျရတဲ့သူက ကစားသမားများထဲတွင်အတော်ဆုံးဖြစ်သည်လေ။အင်..ပြောရရင်တော့သက်ထူးဘက်ကတိတ်တခိုးချစ်ခဲ့တာအလယ်တန်းကတည်းကဆိုပါတော့
အရာအားလုံးကသူမဒီကျောင်းကိုပြောင်းလာတဲ့နေ့ကတည်းကစခဲ့တာပေါ့။
ဖေဖေကcompany တစ်ခုတွင်ရာထူးအသင့်အတင့်ရှိပြီး မေမေနှင့်အတူ City Aတွင်နေသည်။
သက်ထူးတို့မိသားစုသည် အလှပန်းစိုက်ပျိုးသောလုပ်ငန်းလုပ်ပြီး သစ်သီးခြံလေးလည်းပိုင်သည်။
မသေးလွန်းမကြီးလွန်းသော ၂ထပ်တိုက်လေးတွင်သက်ထူးတို့ မိသားစုနေပါသည်။
အိမ်အနောက်တွင် မြေကွက်များရှိပြီး အလှပန်းများရှားပါးပန်းများအပြင် သစ်သီးအပင်များစိုက်ပျိုးထားသည်။ ခြံကတော်တော်ကျယ်၏ ။ အိမ်ကိုတော့ လမ်းမနှင့်နီးသည့်ဘက်ကိုတိုးပြီးဆောက်ထားသည်။
စီးပွားရေးလည်းအတော်အသင့်ကောင်းမွန်သောကြောင့် အလယ်တန်းနောက်ဆုံးနှစ်တွင် Saint Patrick Private High School ကိုမြေ့သက်ထူးပြောင်း၍တက်ရောက်ခဲ့သည်။ကျောင်းတက်ရသည့်ပထမဆုံးနေ့တွင် ဆရာတွေကို လက်ဆောင်ပေးမည့် သစ်သီးများထည့်ထားသောခြင်းလေးသည် သက်ထူး၏ပေါ့ဆမှုကြောင့်အောက်သို့ကျသွားရှာသည်။ ပြန့်ကျဲနေသောသစ်သီးများကိုလိုက်ကောက်ရင်း သစ်သီးများကမ်းပေးလာသောလက်တစ်စုံပိုင်ရှင်ကြောင့် ဆယ်ကျော်သက်လေးတစ်ယောက်၏ရင်ခုန်သံတို့အစပြုလာတော့သည်။
"သတိထားမှပေါ့"
ခပ်ရှရှအသံလေးကိုကြားမိရင်း သက်ထူးစကားပြန်မပြောခင်သူကထွက်သွားတော့သည်။
အဲ့နေ့ကသစ်သီးများကိုသူကကူကောက်ပေးခဲ့သည်။
မြေ့သက်ထူးအာရုံများသည်အတိတ်ကိုတွေးနေရင်းမှ သူ့ကိုရေဗူးပေးဖို့ကြိုးစားနေကြသောကောင်မလေးတစ်သိုက်ကြောင့် အသိပြန်ဝင်လာသည်။ စိတ်ကမကျေမနပ်ဖြစ်ရင်း ခန္ဓာကိုယ်ကရွေ့သွားတာမသိလိုက်။သတိထားမိတော့ ရေဗူးကိုကမ်းပေးနေရင်း အူလည်လည်ပုံစံဖြင့် ကွင်းအလယ်မှာမက်တပ်ကြီးရပ်နေသည်။
(သွားပြီ :") ငါ့ရဲ့အရှက်လေးတွေဗြန်းဗြန်းကွဲ တော့မယ် အား...အမလေး...အူး...) စိတ်ထဲဒဒိန်းဒိန်းဖြစ်နေစဥ် ..."ဝိုး.."
"ငါမြင်လိုက်တာတကယ်လားဟေ့ "
"အား.."
Class B မှကျောင်းသားများကအော်ကြသည်။ ကျောင်းသူတိုင်းကတော့မဲ့ရွဲ့နေကြ၏။ထို့နောက် Class Aမှထိတ်ထိတ်ကြဲကျောင်းသား ခန့်ထည်ရဲသွေးမှ Class Bကကောင်မလေးတစ်ယောက်ရဲ့ရေဗူးကိုယူပြီးမော့သောက်လိုက်ခြင်းသည် ကျောင်းတွင်ရပ်အတန်ကြာသတင်းပျံ့နှံ့နေမည်ဖြစ်သည်။
KAOT
1.12.23Tomorrow ကျ ၁ပိုင်းထပ်တင်ပေးမယ်နော်
ဒါလေးကတိုသွားတယ် (^_^)
YOU ARE READING
ဆွေးတမြေ့မြေ့ ( Endure Fondness for You)
RomanceOngoing Myae and Htal မြေ့ နှင့် ထည် she fell first but he fell harder type လေးပါ။ မြေ့ရဲ့အချစ်ဦးကိုအရမ်းချစ်ပါတယ် ဒါပေမဲ့ မြေ့ရဲ့ဘဝတစ်ခုလုံးနဲ့သူ့ကို မလဲနိုင်ခဲ့ပါဘူး ။ မြေ့သက်ထူး မင်းရဲ့ခြေလှမ်းတစ်လှမ်းနောက်ဆုတ်တိုင်းကိုယ်ကခြေလှမ်း၁၀လှမ်းလော...