အိမ်ပြန်ရောက်တဲ့အထိ မြေ့သက်ထူးမှာအသိစိတ်မကပ် သက်ထူးအတွက်တော့ဤဖြစ်ရပ်လေးကြောင့်ရက်ပေါင်းများစွာပျော်ရွှင်ရန်လံုံလောက်ပါသည်။သူကတော့မိမိကိုသိချင်မှသိလိမ့်မည်။ သူကနေရောင်ခြည်လိုတောက်ပသည်။ လူတိုင်းအပေါ်ကြင်နာတတ်သည်။မဖြစ်နိုင်ပေမဲ့မျှော်လင့်ချက်သေးသေးလေးကသက်ထူးရင်ထဲကိန်းအောင်းနေသည်။
သူသက်ထူးကိုသူများတွေထက်နည်းနည်းတော့ပိုမလား။အိမ်ပြန်ရောက်တော့ မိမိအခန်းဆီဝင် ကာuniformလဲရသည်။ ပုံမှန်ဆိုသက်ထူးကစကပ်မဝတ်တတ်။ စကပ်ဝတ်ရတာ confidenceမရှိလို့ဖြစ်သည်။ အခြောက်ကြီးနှင့်တူသလိုခံစားရသည်။
အဲ့လိုလည်းအပြောခံရဖူးသည်။ သက်ထူးမှာနွဲနွဲနှောင်းနှောင်းကိုယ်ဟန် အမူအရာ မရှိ ဆံပင်ကိုနားရွက်ဖုံးရုံသာထားသည်။ T shirtနှင့် အနီရောင်ခြည်ဘောင်းဘီ ကို ဝတ်လိုက် ပြီး မှန်ထဲကြည့် လိုက်သည်။ အသက်ကြီးလာရင် snowတို့လို မိန်းကလေးဆန်လာမှာလား။
Snow က သက်ထူးတို့ အတန်းကအလှဆုံးမိန်းကလေးဖြစ်သည်။ ဆံပင်ရှည်ရှည်နှင့် သိမ်မွေ့စွာနေထိုင်တတ်ပြီး စိတ်သဘောထားနူးညံ့သောကြောင့် ကျောင်းတွင်နာမည်ကြီးလေသည်။မိမိကိုယ်ကိုမှန်ထဲကြည့်မိတော့ ကလေးအဆီမပျောက်သေးသောမျက်နှာဝိုင်းဝိုင်းလေးကလည်းပြန်ကြည့်နေ၏။ အသားကမဖြူပဲဗမာဆန်ဆန်ဝါညက်လေးဖြစ်သည်။ ခြံထဲအနေများသောကြောင့် ပျားရည်ရောင်ပေါက်နေသည်။ ဝက်ခြံလေးတွေကသက်ထူးမျက်နှာပေါ်မှာစဥ်ဆက်မပြတ်ထွက်လျက်။
မျက်လုံးလေးတွေက ခပ်ဝိုင်းဝိုင်းနှင့် နှာခေါင်းကအနည်းငယ်လုံးနေသေးသည်။ အလှကလည်းမည်မည်ရရမပြင်တတ်သေးတော့ သက်ထူးကိုကျောင်းသားတွေကသိပ်သတိမထားမိကြပါ။ဒါပေမဲ့ သက်ထူးကတော့မိမိကိုယ်ကိုစိတ်မပျက်ပါ။ သူများအမြင်တွေကအရေးမပါဘူးမလား။ အဓိကကကိုယ့်ကိုကို ချစ်မြတ်နိုးပြီးတန်ဖိုးထားဖို့ပဲလေ။
ကိုယ့်ကိုကိုတိုးတက်အောင်လုပ်ဖို့။
လူတိုင်းတစ်ယောက်တစ်မျိုးစီလှတာလို့ သက်ထူးငယ်ငယ်ကမေမေပြောပြခဲ့သည်။"ဘယ်လိုတစ်မျိူးစီလဲမေမေ "
"မေမေတို့ပန်းခြံထဲကပန်းလေးတွေကတစ်ပွင့်နဲ့တစ်ပွင့်တူကြလား"
"ဟင့်အင်"
အင်း....ဒါဆိုပန်းလေးတွေကအကုန်လှတယ်လို့ သမီးထင်လား"
"ဟုတ် ပန်းလေးတွေကအကုန်လှတယ်ရယ်"
မေမေကပြုံးယောင်သမ်းနေသောမျက်နှာနှင့် "လူတွေကလည်းအဲ့လိုပဲ သမီးရဲ့ တစ်ယောက်တစ်မျိုးစီလှတယ်။ အရည်အချင်းလည်းတစ်ယောက်တစ်ခုစီရှိတယ်"
YOU ARE READING
ဆွေးတမြေ့မြေ့ ( Endure Fondness for You)
RomantizmOngoing Myae and Htal မြေ့ နှင့် ထည် she fell first but he fell harder type လေးပါ။ မြေ့ရဲ့အချစ်ဦးကိုအရမ်းချစ်ပါတယ် ဒါပေမဲ့ မြေ့ရဲ့ဘဝတစ်ခုလုံးနဲ့သူ့ကို မလဲနိုင်ခဲ့ပါဘူး ။ မြေ့သက်ထူး မင်းရဲ့ခြေလှမ်းတစ်လှမ်းနောက်ဆုတ်တိုင်းကိုယ်ကခြေလှမ်း၁၀လှမ်းလော...