part 7

14 0 0
                                    

ဆယ်ကျော်သက်အရွယ်မှာချစ်မိတဲ့သူကိုတစ်ဘဝလုံးမှတ်မိစေဖို့လုံလောက်​တယ်တဲ့။သက်ထူးသူ့ကိုအလယ်တန်းကတည်းကသဘောကျခဲ့တယ် ။ သဘောကျတာကြာလာတော့ချစ်မိသွားတယ်ထင်ပါရဲ့။ သူ့ရဲအရာအားလုံးကိုချစ်မိသွားလေသည်။
Art club တွင်သူ့ကိုခိုးခိုးကြည့်ရတာအမော။
Social media တွင်သူကfriend လာအပ်တော့အဲ့တစ်နေ့လုံးရင်တွေခုန်ပြီးဘာမှမလုပ်နိုင်တော့ပဲ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရသည်။
ဒါတောင်သူနဲ့စကား၁၀ခွန်းပြည့်အောင်ပြောဖူးတာမဟုတ်ဘူး။
သက်ထူးရဲ့အနုပညာလေးတွေupdateလုပ်တိုင်းသူက comment ဝင်ရေးလေ့ရှိသည်။
ကန်တင်းမှာတွေ့ရင်လည်း သက်ထူးအကြည့်တွေကသူ့ဆီမှာပဲတဝဲလည်လည် ။ သက်ထူးတော့အချစ်ရူးမလေးဖြစ်နေပြီထင်ပါရဲ့နော်။ ညတိုင်းမပို့ဖြစ်တဲ့love letters တွေရေးရတာလည်းအမော။

"ဖွင့်ပြောလိုက်ပါ့လား" မိုနာကကော်ဖီသောက်ရင်းမျက်စပစ်ပြသည်။
"အာ ..တော်ပါပြီ။ သက်ထူးတို့ကမဖြစ်နိုင်ပါဘူး။ "
"ဒါကတော့ဘာဆိုင်လို့လဲ ကိုယ်သဘောကျတာကိုတော့ဖွင့်ပြောလို့ရပါတယ်"
"တော်....တော်ပါပြီ အခုလိုငေးကြည့်နေရတာပဲသက်ထူးကျေနပ်ပါတယ်။ ဖွင့်ပြောလိုက်လို့သက်ထူးကိုရှောင်ဖယ်သွားရင် "

"oh ...အဲ့ဒါဆိုလည်း နောက်တစ်ယောက်ပေါ့ ။မိန်းကလေးဘက်ကစဖွင့်ပြောလို့ရှောင်ဖယ်မယ်ဆိုရင်ဒီကောင်ငပိန်း"
မိုနာကပြုံးစစနှင့်ပြောလေသည်။

(အားကြီးနဲ့. .. :") BTW ka ကteam monaပါ ဟဲဟဲ ကောင်လေးတွေကောင်မလေးဘက်ကစပြောတာခံရရင်တစ်ယူမသန်ကြနဲ့နော် )

သက်ထူးအတွက်ကမလွယ်ပါ move onလုပ်ဖို့ကလည်းမဖြစ်နိုင်မှန်းသိပြီးသားဆိုတော့။
"စစ်နေရောင်လည်းမဆိုးပါဘူး" ဟိုဘက်နားကbasketballဆော့နေတဲ့ကောင်လေးကိုကြည့်ပြီးမိုနာတစ်ယောက် ကြွေနေပုံ ။
"ငါကတော့ first moveလုပ်မှာပဲ"
သက်ထူးကတော့ပြုံးမိရုံသာ။
ခဏကြာတော့ခန့်ထည်ကစစ်ကိုလာခေါ်သည်။ လက်ထဲကလည်း iced Black coffee ဗူးေလေးနှင့်။
သူကလူကြီးဆန်တဲ့အသွင်အပြင်မျိုးရှိပြီး စစ်နေရောင်ကတော့ကောင်လေးပုံစံနှင့် လွတ်လွတ်လပ်လပ်နေရတာကြိုက်သည့် ပုံစံပေါ်သည်။ မဖော်ရွေတာကလွဲရင်ပေါ့။

ဆွေးတမြေ့မြေ့  ( Endure Fondness for You)Where stories live. Discover now