part 8

16 0 0
                                    

လူငယ်တွေကမိုက်ရူးရဲဆန်ကြတယ်လို့ပြောကြတယ်
တကယ်က လူငယ်တွေကနောင်တမရဘဲအသက်ရှင်ချင်ရုံလေးပဲ ကိုယ်သဘောကျတဲ့ သူကိုသဘောကျကြောင်းဖွင့်ပြောတာက မိုက်ရူးရဲဆန်တာလား သတ္တိရှိတာလား ။ ဖွင့်မပြောမိရင် တစ်ဘဝလုံးနောင်တတစ်ခုနဲ့ နေသွားရတော့မှာမလား။

လူတိုင်းအချစ်နဲ့မကင်းကွာနိုင်ဘူး။ အချစ်ကပဲငါတို့ဘဝကြီးကို meaningful ဖြစ်စေတာမလာ။ လူတိုင်းမှာ ချစ်ရတဲ့အရာတွေရှိကြတာပဲ။ ဒါက လူတစ်ယောက်ဖြစ်နိုင်သလို နေရာဒေသတစ်ခု ဒါမှမဟုတ် ကော်ဖီလေးတစ်ခွက် တိမ်တိုက်လေးတွေ ကြယ်လေးတွေလည်းဖြစ်နိုင်တာပဲလေ။
လူတွေကအပင်လေးတွေဆို အချစ်ကနေရောင်ခြည်လိုပဲ။ အပင်လေးတွေကြီးထွားဖို့ ရေလောင်းပေးရသလို နေရောင်နဲ့ထိတွေ့ပေးဖို့လည်း လိုအပ်တယ်လေ။ နေရောင်ခြည်များလွန်းရင်အပင်လေးညှိုးသွားမယ်။ ဟော ....နေရောင်ခြည်လုံလုံလောက်လောက်မရပြန်တော့လည်း အပင်လေးကဆက်ပြီး မကြီးထွားတော့ဘူးတဲ့။

သက်ထူးဘဝကို နောင်တမရှိပဲနေချင်တယ်။
Art club တွင် ...
ကျောင်းပိတ်ရက်ဖြစ်သောကြောင့် art clubတွင်လူသိပ်မရှိပေ။
"ခန့်ထည် "သက်ထူးကထူးထူးခြားခြားတည်ငြိမ်နေပြီး
"သက်ထူးမေးစရာလေးရှိလို့ပါ ....မဟုတ်ဘူးပြောစရာလေးရှိလို့ပါ"
"ပြောလေမြေ့ ...ကိုယ်ကအားပါတယ်"သူက ပေါ့ပါးတဲ့အပြုံးလေးနဲ့ သက်ထူးကိုကြည့်နေသည်။
Art clubရဲ့ ပြတင်းပေါက်ရှိရာနေရာတွင် သက်ထူးတို့နှစ်ယောက် မက်တပ်ရပ်ပြီးစကားပြောနေတာဖြစ်သည်။ ညနေခင်း၏နေရောင်ခြည်နုနုက သက်ထူးတို့အပေါ်ကျရောက်နေပြီး ကျောင်းအားကစားကွင်းမှ ကျောင်းသားများ၏ အသံကတစ်ချက်တစ်ချက်ပျံ့လွင့်လာလေသည်။
သက်ထူးစိတ်ကိုတည်ငြိမ်အောင်ထားရင်း ...
ခိုင်မာပြတ်သားတဲ့အကြည့်နဲ့ ..
"ခန့်ထည်ကို သက်ထူးကသဘောကျတယ်"
သူက၅မိနစ်လောက်တိတ်ဆိတ်သွားသည်။ သူရဲ့အရပ်အမောင်းနဲ့ သူ့ရဲအရှိန်အဝါကသက်ထူးကိဖိအားဖြစ်စေသည်။

နေရောင်ခြည်ကတောက်ပနေဆဲ ..ခန်းဆီးပြာလွင့်လွင့်က လေနဲ့အတူယိမ်းနေပြီး သစ်ရွက်အချင်းချင်းပွတ်တိုက်သံကိုပါကြားနေရကာ သက်ထူးနှလုံးတို့ကပရမ်းပတာဖြစ်နေတော့သည်။
"သက်ထူးကို သူငယ်ချင်းတစ်ယောက်လိုပဲခင်ပါတယ်"

ဆွေးတမြေ့မြေ့  ( Endure Fondness for You)Where stories live. Discover now