part 4

17 0 0
                                    

ကျောင်း၏အမှတ်အများဆုံး၃ယောက်ကို စာလုံးအမဲနှင့်ပြသထားသည်။ ကျန်သူများကတော့ အစဥ်လိုက်များရာမှနည်းရာသို့ ..။ တန်းခွဲ Aကထိပ်ဆုံး၃နေရာကိုယူမြဲ။
ကျောင်းကန်တင်းသွားသည့်လမ်းတစ်လျှောက်တွင် သက်ဆိုင်ရာနှစ်၏ရလဒ်များကို boardပေါ်တွင်ကပ်ထားလေ့ရှိသည်။ အနည်းငယ်ရက်စက်ရာကျပေမဲ့ပေါ့။

" wow ..သူကအမြဲ roll 1ပဲနော်"
"စစ်နေရောင်ကလည်းအမြဲ roll 2ဟ"
"Roll 3ကဒီတစ်ခေါက်....."
ကျောင်းသားများ၏အတင်းအဖျင်းများမှာကျောင်းကန်တင်တစ်လျှောက်ပျံ့နှံ့လာနေသည်။

မြေ့သက်ထူးကဒီတစ်ခေါက်ထိပ်ဆုံး ၃၀တွင်ပါသည်။ ၃၀ ပေါ့လေ အတိအကျ က
၂၅၀နီးပါးကျောင်းသားတွေထဲ ၃၀ဆိုတော့ မဆိုးဖူးလို့ထင်တာပါပဲ။

မြေ့သက်ထူးတို့ထမင်းစားနေသောနေရာနှင့်အနည်းငယ်လှမ်းသောနေရာတွင် ခန့်ထည်တို့အဖွဲ့ထိုင်နေသည်။ မင်းသားချောများမှာနေ့လည်စာစားတာတောင် ဘုရင်ပွဲတေည်တည်တာနဲ့တူနေသေးသည်။ သက်ထူးတို့အဖွဲ့ကတော့ကျောင်းကစီစဥ်ပေးတဲ့မနက်စာကိုပဲစားတာဖြစ်သည်။

ဟိုနေ့ကခံစားချက်များအကြောင်းတွေးရင်းစိတ်ထဲချဥ်တူးသွားသည်။ ကိုယ်ကာသာရေဗူးပေးလိုက်ရလို့အပျော်လုံးဆို့နေတာ တစ်ဖက်လူကသူမကိုမမှတ်မိ။ ကျောင်းဂိတ်ဝတွေ့တုန်းနှုတ်ဆက်ဖို့လုပ်ရင်း လျစ်လျူရှူခံလိုက်ရသည်။ ပန်းသီးကိုတဂျွတ်ဂျွတ်ဝါးရင်း သက်ထူးတစ်ယောက်မင်းသားတို့အဖွဲ့ကိုငေးမိပြန်သည်။

"Hey...ဟိုဆံပင်ကောက်လေးမင်းကိုငေးနေတာကြာပြီ"
သူကစားနေရင်းခဏတော့ရပ်သွားသည်။
ပြီးနောက် ဆက်စားရင်းကော်ဖီကိုသောက်၏။
"ဂရုမစိုက်ဘူး"
"သားကြီးကလည်း ..ချစ်စရာလေးပါကွ"
သျှင်တေဇောကမျက်စိတစ်ဖက်မှိတ်ပြလေသည်။
"မင်းကြိုက်ရင်မင်းယူ "
အားလုံး "......."

ကြာရှည်သောအတန်းချိန်များပြီးနောက် ကျောင်းသားများအိမ်ပြန်ချိန်ရောက်ပြီဖြစ်သည်။ တန်ဖိုးကြီးကားပေါ်တက်သွားသောသူ့ကိုငေးရင်းဖေဖေလာကြိုမှာကိုသက်ထူး​ေစောင့်နေသည်။
မိသားစုအိမ်စီးကားဖြူဖြူလေးပေါ်တွင်မေမေပါလိုက်ပါလာသည်။ တန်ဖိုးကြီးကားများအလယ်တွင် သက်ထူးတို့မိသားစုကားလေးမှာသာမန်ဆန်လှသည်။

"Cafe သွားချင်တယ်ဖေဖေ"
"သမီးအိမ်စာတွေပြီးပြီလား"
"ပြီးပါပြီနော် နားချိန်တွေမှာမပြီးလုပ်ထားတယ်"
မေမေကမူ "နားချိန်တွေဆို သူငယ်ချင်းတွေနဲ့ပဲအချိန်ကုန်ပါသမီးရယ် ။ စာတွေအိမ်ရောက်မှလုပ်လည်းရတာပဲ။ ဘယ်လိုနေနေငါ့သမီးကအောင်မှာပဲဟာ"

"အော. .အမှတ်တော့များချင်တာပေါ့မေမေကလည်း"
"ငါ့သမီးကစာရေးဆရာမဖြစ်ချင်တာမလား။ ပုံမှန်ကြိုးစားရင်ရပါပြီကွ" ဖေဖေက ကားမောင်းရင်းသက်ထူးနှင့်အကြည့်တစ်ချက်ဆုံစေကာပြောသည်။
ပြီးနောက် ကားလေးမှာ cafeဆိုင်လေးတစ်ခုရှေ့တွင်ရပ်သွားသည်။

"ကျန်တဲ့နေရာတွေလျှောက်သွားမနေနဲ့"
"ဟုတ်"
"မုန့်ဖိုးကျန်သေးလား"
"ကျန်သေးတယ်"

ရိုးရှင်းပြီးလှပသောcafeဆိုင်ထဲတွင် သက်ထူးထိုင်ပြီး ဆိုင်ထဲဝင်လာသမျှလူတိုင်းကိုငေးနေမိသည်။လူတိုင်းကစိတ်ဝင်စားဖို့ကောင်းသည်။ လူသန်းပေါင်းများရှိပြီး ထိုသန်းပေါင်းများစွာတွင်မျက်နှာများပုံစံများမတူသလို စိတ်နေစိတ်ထားလည်းမတူကြပေ။

ကော်ဖီသောက်ရင်း လူတွေကိုငေးနေသောဆံပင်ကောက်ကောက်နှင့်ကောင်မလေးကိုထောင်အစွန်ဆုံးစားပွဲလေးတွင်ထိုင်​ေနေသောကောင်လေးကလည်းငေးနေလေသည်။

ပန်းဆိုင်ရှေ့စားပွဲလေးတွင်သက်ထူးထိုင်နေပြီး ဆောင်းပါး၁ပုဒ်ကိုရေးသားနေသည်။ လူငယ်ဆောင်းပါးပြိုင်ပွဲဝင်ချင်သည်လေ။
လူငယ်များအပေါ်ပတ်ဝန်းကျင်၏သက်ရောက်မှု ကြောင်းကိုဆောင်းပါးရေးရန်ဖြစ်သည်။
English language နှင့်ရေးရမည်။
သက်ထူးအိမ်မက်က English author ဖြစ်ဖို့ဖြစ်ပြီး အဆင့်မြင့်ပညာရေးတွင် English literature ယူရန်အိမ်နှင့်တိုင်ပင်ပြီးဖြစ်သည်။

နေရောင်ခြည်အောက်တွင် ကီးဘုတ်ပေါ်ပြေးလွှားနေသောလက်သွယ်သွယ်လေးများက စည်းချက်ညီညီလှုပ်ရှားနေသည်။ အလုပ်ကြိုးစားနေသောကောင်မလေးတစ်ယောက်၏ပုံရိပ်သည်တောက်ပေနလေသည်။
ဘေးနားတွင်အဝါရောင်ကြောင်လေးကနေပူစာလှုံနေပြီး ထိုကောင်မလေးနှင့်ကြောင်လေးသည်အပူအပင်ကင်းစွာဖြင့် .....။

Behind the scenes

မြေ့သက်ထူး  " တော်ပြီ ကျွန်မသျှင်တေဇောဆီသွားတော့မယ် လာမခေါ်နဲ့ "
ခန့်ထည်ရဲသွေး "ကိုယ်မှားသွားပါတယ် ကိုယ်ကအရမ်းတုံးလို့အဲ့လိုပြောခဲ့မိတာပါ။ သျှင်တေဇောနဲ့အဆက်အဆံမလုပ်တော့ဘူးနော် မြေ့လေး"
သျှင်တေဇော "....(-_-)

KAOTTHEFIRST
30.1.24
အပိုင်းကတိုသွားတယ်ဟီး
နောက်အပိုင်းကကိုကိုခန့်ထည်အပိုင်းပါ

ဆွေးတမြေ့မြေ့  ( Endure Fondness for You)Where stories live. Discover now