part 5

25 0 0
                                    

မင်းရဲ့ဒီအမှတ်ကဘာဖြစ်တာလဲ "
သူဆွံ့အသွားရသည်။ အမှတ်ဘယ်လိုနည်းနည်းroll 1ရသည်လေ ။ အရင်လထက် ၄မှတ်လျော့ရုံသာ။

"သွားလို့ရပြီ"
ဘာခံစားချက်မှမပါပဲပါပါးအခန်းထဲမှလှည့်ထွက်လာသည်။ ကလေးကတည်းကဖခင်ဖြစ်သူ၏ချစ်ခြင်းကိုမခံစားခဲ့ရ။ အကြောက်တရားနှင့်သာဆက်ဆံခဲ့ရသည်။ ဖခင်ဖြစ်သူက sunflower corporation ၏ CEOဖြစ်ပြီး
နေကြာဆေးရုံ၏ဆေးရုံအုပ်လည်းဖြစ်သည်။ သားဖြစ်သူကိုဖိအားအမျိုးမျိုးနှင့် ဆက်ခံသူတစ်ဦးဖြစ်လာရန်လေ့ကျင့်ပေးခဲ့သည်။
တင်းကြပ်သောအချိန်ဇယားများနှင့်သာခန့်ထည်အချိန်များကုန်ဆုံးခဲ့ရသည်။

ကိုကိုမရှိေတာ့ကတည်းက ဖခင်၏တင်းကြပ်မှုများကပိုပိုဆိုးလာခဲ့ပြီး မိခင်ဖြစ်သူမှာ သူ့ကိုဂရုမစိုက်တော့။ ပျော်စရာများကတိခနဲကုန်ဆုံးသွားခဲ့ပြီး သူမလေးမရှိတော့သည်ကသူ့ကိုခက်ထန်သောသူတစ်ယောက်ဖြစ်လာစေခဲ့သည်။
စာကြည့်စားပွဲရှေ့ထိုင်ရင်းသက်ပြင်းရှည်တစ်ခုချမိသည်။

ခန့်ထည်သည်ကိုပိုရှိစဥ်ကအဆော့မက်သောပုံမှန်ကလေးလေးတစ်ယောက်ဖြစ်ခဲ့သည်။ သို့သော်သူ့အသက်၈နှစ်တွင် ၁၆နှစ်ရှိပြီဖြစ်သောကိုကိုသည် တစ်ရက်သောညနေခင်းတွင် မိမိတို့မိသားစုဘဝထဲမှအပြီးတိုင်ထွက်ခွာသွားလေသည်။ ထိုအချိနိမှစ၍ ဖခင်ဖြစ်သူ၏မျှော်လင့်ချက်များပိုကလေးလေးခန့်ထည်ကသယ်ပိုးခဲ့ရသည်။
မားကကိုကိုမရှိတော့ကတည်းကအိမ်မှာသိပ်မနေတော့။ နိုင်ငံခြားထွက်ကာသုံးဖြုံန်းနေတော့သည်။
ဘွားတစ်ယောက်သာသူ့ကိုကြင်ကြင်နာနာဆက်ဆံပေးသည်။

စံအိမ်၏ထမင်းစားပွဲသည်တိတ်ဆိတ်လျက်။
အိမ်ရှင်မဖြစ်သူကမရှိသော်လည် ကျန်လူ၃ယောက်ကဤသည်ကိုအသားကျစွာ မိမိတို့ပန်းကန်တွေဆီသို့အာရုံပို့ထားလေသည်။

"ကျောင်းကprivate study ချိန်ပေးပြီလား "
ဟင်းရည်သောက်ရင်းဦးခန့်တည်ငြိမ်က လေသံအေးလေးဖြင့်မေးလိုက်သည်။
"ဒီလကုန်ရင် စပါပြီ "
"အိမ်မှာပဲစာလုပ်"
ဦးခန့်တည်ငြိမ်သည် ထမင်းစားပွဲမှအရင်ထသွားသည်။ ဘွားကတော့ကြင်နာသည့်မျက်ဝန်းတို့ဖြသ့်အဆင်ပြေသွားမှာပါဟူသည်အကြည့်ကိုပေးရင်းထသွားသည်။
ဒီညတော့ခန့်ထည်အတွက်ညတာရှည်ဦးပေမည်။

တစ်ဖက်အခန်းရှိ ဦးခန့်တည်ငြိမ်အခန်းတွင် .
"ခန့်ထည်ဘယ်သူတွေနဲ့ပေါင်းနေလဲသေချာစောင့်ကြည့်ထား"
"ကောင်းပါပြီ Boss"

Saint Patrick Private High School ၏ private study ချိန်တရားဝင်စတင်ပြီ။ တစ်ချို့ကကျောင်းကိုလာမြဲ တစ်ချို့ကအိမ်မှာစာစုလုပ်ကြသည်။ တစ်ချို့က guide ခေါ်ပြီးဖိဖိစီးစီးလုပ်ကြလေသည်။ တစ်ချို့ကတော့ပေါ့ပေါ့ပါးပါး။ အချိန်တန်လျင် မိဘလုပ်ငန်းဦးစီးရမည်ဟုတွေးကာ စာကိုအလေးအနက်မထားသူများလည်းရှိ၏။

သက်ထူးအတွက်လည်းပင်ပန်းရသောနေ့ရက်များပင်ဖြစ်သည်။ ကျောင်းသားများသည် စာကို အပတ်တကုတ်လေ့လာနေကာ မိမိတို့ရည်မှန်းရာ University တွင်သင်ယူနိုင်ရေးအတွက် ကြိုးပမ်းနေကြသည်။

မကြာခင်စာမေးပွဲဖြေဆိုရတော့မည်။ မဖြေခင်၂ရက်အလိုကျောင်းကိုသွားကြရသည်။ စာမေးပွဲကာလအတွင်းဆောင်ရန်ရှောင်ရန်များကို ဆရာများကပြောပြကြသည်။ ကျောင်းသားတွေအတွက်ဆုမွန်ကောင်းတောင်းပေးကြသည်။
ကျောင်းသားများသည် စိတ်ဖိစီးနေသောမျက်နှာများနှင့်အိမ်ပြန်သွားကြ၏။

စာမေးပွဲနေ့ရက်များသည်လျင်မြန်စွာကုန်ဆုံးသွားသည်။ နောက်ဆုံးစာမေးပွဲဖြေဆိုပြီးသည့်နေ့တွင် ကျောင်းသားများသည် တစ်ယောက်နှင့်တစ်ယောက် ရွှင်မြူးစွာနှုတ်ဆက်စကားပြောနေကြ၏။

သက်ထူးသည်လူအုပ်ကြားထဲပိတ်မိရင်း ခန့်ထည်ရဲသွေးကိုလိုက်ရှာနေမိသည်။
'စောပြန်သွားတာတော့မဟုတ်လောက်ဘူးမလား'
ခဏအကြာ လမ်းထိပ်တွင်ရပ်ထားသော ကားပေါ်သို့တက်သွားတဲ့သူ့ကိုတွေ့လိုကရ၏။ နေရောင်သည်ခူငယ်လေးအပေါ်ဖြာကျနေပြီး သူသည်မင်းသားလေးသဖွယ်တောက်ပလျက်ရှိသည်။ စျေးကြီးလွန်းပုံရသောကားအနီလေးမှာ သူနှင့်လိုက်ဖက်လှသည်။
သက်ထူးကတော့ သူ့ကိုငေးရင်းဘယ်အချိန်ပြန်တွေ့နိုင်မလဲ စဥ်းစားနေမိသည်။

KAOTTHEFIRST
30.1.24
Storylineအစကအခုမှရေးပြီးတယ်။
ပျင်းမသွားပဲဆက်ဖက်ပေးကြဖို့ မေတ္တာရပ်ခံပါရစေနော်။
နောက်ပိုင်း dialogue တွေများများပါအောင်ကြိုးစားရေးထားပါတယ်။

ဆွေးတမြေ့မြေ့  ( Endure Fondness for You)Where stories live. Discover now