မင်း အဲ့ကောင်မလေးကိုသဘောကျနေတာလား"
စစ်နေရောင်မှ Black coffee တစ်ခွက်ကိုသူ့အရှေ့ချရင်းမေးလိုက်သည်။
မျက်ခုံးတစ်ဖက်ကိုပင့်ပြလိုက်ပြီး အခါးနံ့ခပ်သင်းသင်းရတဲ့ Black coffee ကိုသောက်ရင်း "No""ဘာလို့ရေဗူးကိုယူတာလဲ" စစ်နေရောင်တစ်ယောက်စဥ်းစားခန်းဝင်ရပြန်သည်။ မာနမင်းသားအချေကိုယ်တော်ကချည်းများလွန်းသည်။ အသန့်ကလည်းကြိုက်သေးသည်။ မျက်နှာကသာဖော်ရွေတဲ့ပုံစံပေါက်နေတာ အကျင့်စရိုက်ကတစ်ခြားစီ။
သူနဲ့လည်ပင်းဖက်ပေါင်းလာတဲ့ စစ်နေရောင်သာ ခန့်ထည်ရဲသွေး၏ စရိုက်အမှန်ကိုသိသည်။"ဒီလိုပါပဲ ငါ့ကိုအားပေးနေလို့ ။ သူ့အသံကလည်းတော်တော်ကျယ်တာကိုး"
(သက်ထူး၏အသံအောင်မြင်မှု (^ _^) )"ချစ်စရာလေးပါကလေးမက"
နွားနို့ကိုဟန်ပါပါသောက်ရင်း စစ်ကဆိုလေသည်။"မင်းသဘောကျလို့လား"
"အဟွတ် အဟွတ် အဟွတ်..."
ခန့်ထည်ကတစ်ရှူးကမ်းပေးရင်း ဟုတ်လို့လားဟုမေးေသာအကြည့်နှင့်ကြည့်နေသည်။"အဟမ်း..သူမလိုညီမလေးတစ်ယောက်တော့လိုချင်သား"
"......"ဖတ်လတ်စ ဝတ္ထု wuthering heights ကိုချထားရင်း စားပွဲပေါ်က ဓါတ်ပုံစီအကြည့် ရောက်သွားပြီးသူ့မျက်လုံးတွေကဆွေးရိပ်သမ်းသွားလေသည်။
ပုံတွင် အသက် ၅နှစ်ခန့်အရွယ်ကလေး၂ယောက်သည် တစ်ယောက်နှင့်တစ်ယောက်လက်တွဲရင်း cameraဘက်ကိုပြုံးကြည့်နေသည်။
ကလေးကစားကွင်းရှိ mery go round ရှေ့တွင်ဒီဓါတ်ပုံကိုရိုက်ထားခြင်းဖြစ်သည်။ ကလေးမလေးတစ်ယောက်နဲ့ ကလေးလေးတစ်ယောက်
ခန့်ထည်ပေါက်စလေးသည် အနည်းငယ်ရှက်ရွံ့သောမျက်နှာလေးနှင့် ကလေးမလေးကိုကြည့်နေလေသည်။
အမှတ်တရတွေကပုံထဲမှာလန်းဆန်းလို့နေဆဲ ။
ကလေးမလေးပုံကို တုန်ရီနေသောလက်ဖျားလေးနှင့် ထိလိုက်သည်။ အသံတိုးဖွဖွက အခန်းထဲပျံ့လွင့်လာ၏
"ပူတူး ...မင်းမရှိတော့တာ၁၀နှစ်ရှိပြီနော်"ရှက်ရွံ့ပြီးကြောက်တတ်တဲ့ကောင်လေးအတွက် ပူတူးကသူ့ဘဝရဲ့နတ်သမီးလေးပေါ့။
အဲ့နေ့ကခန့်ထည်မွေးေန့ကစားကွင်းသွားရင်း
ပူတူးနှင့်ဆုံခဲ့သည်။ ရဟတ်စီးဖို့ကြောက်နေတဲ့သူ့ကိုပူတူးကသွားကြဲလေးများပေါ်အောင်ရယ်ပြရင်းကြောက်စရာမလိုကြောင်း အတူတူစီးလို့ရကြောင်းပြောပြနေခဲ့သည်။
ပူတူးနှင့်ဆော့ကစားရင်းပြန်ခါနီး ရဟတ်ကြီးရှေ့တွင် ကိုကိုကဓါတ်ပုံရိုက်ပေးခဲ့သည်။
တစ်လတစ်ခါပူတူးနှင့် ကစားကွင်းတွင်ဆုံဖြစ်ခဲ့ပြီး အမှတ်တရများဖန်တီးခဲ့ကြသည်။
၁နှစ်လောက်ကြာတော ပူတူးနှင့်အဆက်အသွယ်ပြတ်သွားခဲ့ပြီး နောက်၂နှစ်အကြာတွင်ပူတူးရော ပုံရိုက်ပေးခဲ့သောကိုကိုရောက လောကထဲမှပျောက်ကွယ်သွားခဲ့သည်။၈နှစ်အရွယ်တွင်ခံစားခဲ့ရသောအတွေ့အကြုံများကသူ့တစ်ဘဝလုံးစာအထီးကျန်ေစေဖို့လုံလောက်လေသည်။
"သားရေ ....."
အခန်းတံခါးခေါက်သံတိုးတိုးကသူ့အတွေးများရပ်စေနိုင်ဖို့လုံလောက်သည်။ ကိုယ်ခံပညာသင်မည့်အချိန်ဖို့ဦးငယ်ကလာခေါ်တာဖြစ်မည်။သင်တန်းဆရာနှင့်လေ့ကျင့်ပြီးနောက် ...
"Htal. .you've improved a lot"
"Thanks ..Mr Bane "
Mr Baneမှာခေါင်းတစ်ငြိမ့်ငြိမ့်နှင့် ခန့်ထည်ကိုချီမွမ်းခန်းဆက်ဖွင့်နေပြန်သည်။
၁၀မိနစ်ခန့်အကြာ Mr Baneပြန်သွားသည်။ဒီနေ့လုပ်စရာရှိသည်များကသူ့ခေါင်းထဲတွင်အစီအရီပေါ်လာသည်။ အိမ်တော်ထိန်းယူလာသောမနက်စာကိုစားရင်း ဖတ်လတ်စ ဝတ္ထုကိုဆက်ဖတ်နေလိုက်သည်။
Hello ..အကြွေးလာဆပ်တာပါ
အရင်နေ့ကauthorခရီးထွက်နေရလို့ ဒီနေ့တော့၃ပိုင်းတင်ပေးမယ်နော်
Character မိတ်ဆက်လေးလည်းတင်ပေးပါ့မယ်
Love yall (> < ♡)
KAOTthefirst
![](https://img.wattpad.com/cover/360923098-288-k197744.jpg)
YOU ARE READING
ဆွေးတမြေ့မြေ့ ( Endure Fondness for You)
RomanceOngoing Myae and Htal မြေ့ နှင့် ထည် she fell first but he fell harder type လေးပါ။ မြေ့ရဲ့အချစ်ဦးကိုအရမ်းချစ်ပါတယ် ဒါပေမဲ့ မြေ့ရဲ့ဘဝတစ်ခုလုံးနဲ့သူ့ကို မလဲနိုင်ခဲ့ပါဘူး ။ မြေ့သက်ထူး မင်းရဲ့ခြေလှမ်းတစ်လှမ်းနောက်ဆုတ်တိုင်းကိုယ်ကခြေလှမ်း၁၀လှမ်းလော...