part 6

17 0 0
                                    

ကျောင်းပိတ်ရက်များသည် လျင်လျင်မြန်မြန်ပဲကုန်ဆုံးသွားသည်။ ထိုရက်များသည်သက်ထူးအတွက်တော့ပေါ့ပေါ့ပါးနှင့်ပျော်ရွှင်ရသောနေ့ရက်များပင်ဖြစ်သည်။ မေမေနှင့်အတူ ပန်းပင်လေးများကိုပျိုးထောင်ရင်း ဆိုင်စောင့်ရင်းဖြင့် ပျော်ရွှင်ဖွယ်နေ့ရက်များကိုပိုင်ဆိုင်ခဲ့ရသည်။ မိမိပြိုင်ပွဲဝင်ခဲ့ သော ဆောင်းပါးသည် ပြိုင်ပွဲတွင်ဒုတိယဆုရခဲ့သည်။ ပထမဆုအကြောင်းသိရသောအခါ သက်ထူးအံ့ဩခဲ့ရသေးသည်။ ပထမဆုပိုင်ရှင် က သူတို့ကျောင်းရဲ့ ရေခဲတုံး sunshine အမည်ဖြင့်စစ်နေရောင်ဖြစ်သည်။ မြေ့သက်ထူး၏ ကလောင်နာမည်က Myae ပင်။
အဲ့ဒီနောက်ပိုင်းစစ်နေရောင်နှင့်social media တွင် friend ဖြစ်လာခဲ့ပြီး ပြိုင်ပွဲရှိလျှင် စစ်နေရောင်ကအသိလာပေးလေ့ရှိသည်။ အရမ်းရင်းရင်းနှီးနှီး တော့မဟုတ်ပေမဲ့ သက်ထူးပျော်ရပါသည်။

အောင်စာရင်းထွက်မည့်နေ့ရောက်တော့ သက်ထူးရင်တွေခုန်နေပြီး ကိုယ့်အတွက်ရော သူ့အတွက်ပါရင်ခုန်ရသည်။
"အား ..." သက်ထူးပျော်လွန်းလို့ထခုန်မိသည်။ ကျောင်းဖိုရမ်တွင်ရော နိုင်ငံ့သတင်းတွေရောခန့်ထည်ရဲသွေး ၏အောင်မြင်မှုတွေနှင့်ပြည့်နေပြီဖြစ်သည်။ Nation's top 1ဖြစ်သူ ခန့်ထည်သည် လောလောဆယ်နာမည်ကြီးသတင်းတစ်ခုဖြစ်နေပြီး စစ်နေရောက်က top 3ရလေသည်။
"နေဦး ...ငါကရော"
အခန်းထဲကကြောင်လေး Lucy "...meow?.."
သက်ထူးက၄ဘာသာဂုဏ်ထူးပါပြီးအမှတ် ၄၉၀ရသည်။ 

သက်ထူးSaint Mary Private University ကျောင်းတွင် English literature သင်ယူခွင့်ရပြီးသူကတော့ Saint Patrick Private University ဆေးပညာသင်ယူမည်ဖြစ်သည်။
Saint Mary ကျောင်းသည်Saint Patrick ကျောင်း၏ကျောင်းခွဲတစ်ခု ဖြစ်ပြီးကျောင်းဝန်းတစ်ခုထဲတွင်တည်ရှိသည်။ ဝိဇ္ဇာဘာသာရပ်များကိုသင်ကြားပေးပြီး Art ကိုလည်းသင်ကြားပေးသည်။

First Day of University ...သက်ထူးအတန်းတက်ဖို့ ပြင်ဆင်နေသည်။ style pant မီးခိုးပြာနှင့် boyfriend shirt အဖြူ ရောင်
white shoe .. နှင့် ပုခုံးထိညှပ်ထားေသာwolf cutကသက်ထူးအားfresh lookလေးပေးစွမ်းနေသည်။ ကျောင်းသွားဖို့အိမ်က scooby အဖြူလေးဝယ်ပေးထားသည်။
"သမီးကျောင်းသွားတော့မှာလား...နေ့လည်စာဗူးလေးယူသွားဦး "
"ကောင်းပါပြီ"

ဆွေးတမြေ့မြေ့  ( Endure Fondness for You)Where stories live. Discover now