6

2.4K 247 32
                                    

"​ကော်ဖီတစ်ခွက်ပဲပြင်​ပေးပါ Allie"

"ဟုတ်ကဲ့ပါ သခင်မ"

Taehyung က ကျွန်းစာအုပ်စင်ကြီးက စာအုပ်​​​တွေအများကြီးကို တစ်အုပ်ပြီးတစ်အုပ်လှန်​လှော​နေရင်း​ပြော​တော့ Allie ​ခေါင်းညိတ်ပြပြီးထွက်သွားသည်။ဒီ​နေ့ကနားရက်ဖြစ်သည်မို့ အိမ်​တော်မှာပဲအချိန်ကုန်ရမည်ဖြစ်သည်။ Taehyung ကစာအုပ်ချစ်သူဖြစ်ပြီး သ​ဘောကျတဲ့စာအုပ်​တွေကို အထပ်​တွေပါ​သောမြင့်မားလှတဲ့ကျွန်းစာအုပ်စင်ကြီးဖြင့် သိမ်းဆည်းထားတတ်သည်။အခုလည်း ပြန်ဖတ်ချင်​သောစာအုပ်ကိုပြန်ရှာ​နေတာဖြစ်သည်။နာရီဝက်​လောက်ရှာ​ဖွေလို့အပြီးမှာ​တော့ Taehyung လက်ထဲ၌ စာအုပ်3အုပ်ပါလာသည်။

​စာအုပ်ရှာရတာနဲ့တင် အ​တော်ပင်ပန်းသွားသည်မို့ နဖူးစက​ချွေးတွေကိုလက်ခုံနဲ့သုတ်၍ စာအုပ်3ကိုပိုက်ပြီး ​အောက်ထပ်သို့ဆင်းလာခဲ့သည်။အနည်းငယ်ကြည်လင်​နေ​သောစိတ်သည် ​​လှေကားက​နေတစ်ထစ်ချင်းစီးလာရင်း ကြားရ​သောအသံ​တွေ​ကြောင့် ချက်ချင်း​နောက်ကျိသွားရသည်။ရယ်သံ​တွေ...Jeon ရဲ့ရယ်​မော​နေတဲ့ရယ်သံ​တွေ။ထို့အပြင် ​နောက်တစ်​ယောက်ရဲ့ချိုအီအီရယ်သံ​တွေ​ရော။

"Allie...​ကော်ဖီခွက်ကိုပန်းခြံထဲယူလာ​ပေးပါ"

"ဟုတ်ကဲ့ပါ သခင်မ"

မမြင်ချင်တဲ့မြင်ကွင်း​ကြောင့် တစ်ချက်​တောင်​စောင်းငဲ့ကြည့်မ​နေပဲ စာအုပ်​တွေကိုတင်းတင်းဆုပ်ကိုင်၍ ဖြတ်သွားမည်အပြု မျက်လုံး​ထောင့်စွန်းက​နေ ဖျက်ခနဲ​တွေ့လိုက်ရတဲ့အရာ​ကြောင့် ​ခြေလှမ်း​တွေရပ်သွားရသည်။ Yu Jieun ဆိုတဲ့ Omega မ​လေးရဲ့အ​ရှေ့မှာရှိ​နေတာ Crown Prince အတွက်လုပ်​ပေးထားတဲ့​ရေ​မွှေးအိတ်အဖြူ​လေး။

"အဲ့ဒါဘာလုပ်တာလဲ Jeon"

ထမင်းစားခန်းထဲသို့ခပ်​မြန်မြန်​လျှောက်လာပြီး ​ရေ​​​မွှေးအိတ်ကိုကြည့်၍​မေးလာတဲ့ Kim Taehyung ​ကြောင့် ​black coffee ကိုတစ်ငုံ​သောက်လိုက်ရင်း မျက်ခုံးပင့်ပြလိုက်သည်။

"Kim Taehyung က​ရေ​မွှေးလုပ်တာတစ်ကယ်ပါရမီပါတာပဲရှင့်...Jieun တစ်ကယ်သ​ဘောကျတယ်"

ApocalypseWhere stories live. Discover now