အနည်းငယ်ထိုးကိုက်နေတဲ့ခေါင်းနဲ့အတူ နောက်ကျိနေသောစိတ်နဲ့ Jungkook အိပ်ယာကနိုးလာသည်။နန်းတော်သွားရမည်ဖြစ်တာမို့ ပြန်အိပ်ချင်သော်လည်း အနားကစားပွဲမှာရှိတဲ့ဖန်ရေခရားကရေကို ရေခွက်ထဲအပြည့်ထည့်၍မော့ချလိုက်ပြီး ရေမြန်မြန်ချိုးရသည်။ပြီးတာနဲ့ ဝတ်ဆုံပြည့်ဝတ်ပြီး မှန်ရှေ့ရပ်တော့ ခြစ်ရာသေးသေးလေးထင်နေတဲ့နဖူးစောင်းကြောင့် တောက်ခေါက်မိသည်။ပြီးတော့ အနှေးကွက်နဲ့ပြန်မြင်လာတာက သူ့ကိုလွှတ်ချလိုက်တဲ့ လက်သွယ်သွယ်နဲ့ခပ်ရွဲ့ရွဲ့စကားတွေ။Omegaတစ်ယောက်နဲ့ ညအချိန်မတော်မူးရူးပြီးပြန်လာရင် ကျိတ်ငိုနေမယ်ထင်ခဲ့တာလေ။အခုတော့ သူ့ရဲ့အကြောတင်းတဲ့Omegaက ဘယ်လိုမှမနေတော့။ဒီလိုအခြေအနေကို ယဥ်ပါးသွားပြီထင်တယ်။
ရင်ထဲမှာတော့ ငိုကောင်းငိုနေမှာပေါ့လေ။Kim Taehyung က သူ့ကိုဘယ်လောက်ချစ်သလဲဆိုတာ သူအသိဆုံး။ရင်ထဲမှာနာကျင်သွားမှာပဲ..အဲ့လိုပဲဖြစ်စေချင်တာ။
ကိုယ့်အတွေးနဲ့ကိုယ် သဘောတကျကျနှင့်အောက်ထပ်ကိုဆင်းလာတော့ ထမင်းစားခန်းမှာ မရိုးအီနိုင်တဲ့တစ်ပုံစံတည်းသောမနက်စာကို စားနေတဲ့သူ့ Omega လှလှလေးကိုတွေ့ရသည်။
"မနက်စာပြင်ပေး...မင်းကိုယ်တိုင်"
"ကျွန်တော်အကုန်ပြင်ဆင်ပြီးနေပြီ...မပြင်ပေးနိုင်ဘူး"
သူ့ကိုတစ်ချက်တောင်ကြည့်မလာပဲ black coffeeကိုအေးဆေးသောက်ပြီးပြောလာတဲ့ Kim Taehyung က မျက်လုံးထဲမှာထောင့်မကျိုးပေ။စားပွဲခုံကိုထုလိုက်တော့မှ မျက်ဝန်းသေတွေဖြင့်မော့ကြည့်လာသည်။
"ငါကမင်းAlpha...ငါခိုင်းတဲ့အတိုင်းလုပ်...မနက်စာပြင်ပေး"
"ဘာစားချင်လဲ"
သူ့လက်ရာကိုမှစားချင်နေတဲ့Jeonကြောင့် မငြင်းဆန်တော့ပဲလက်ခံလိုက်တော့ သိပ်သဘောကျရတဲ့နှုတ်ခမ်းပါးတစ်စုံက လှလှပပတွန့်ချိုးသွားတာကိုမြင်ရသည်။နဖူးစောင်းက ခြစ်ရာသေးသေးလေးကြောင့်လည်း ညကလုပ်ခဲ့မိတာကိုနောင်တရမိသည်။Jeonကိုနည်းနည်းတောင် မနာကျင်စေချင်တာမို့ ကိုယ်တိုင်ကလုပ်မိတော့ ရင်ထဲမှာနာကျင်ရသည်။
