နံရံပတ်ပတ်လည်တွင် လက်ရာမြောက်သောကျွန်းစာအုပ်စင်ကြီးတွေဖြင့် အလှဆင်ထားသောကင်မ်အိမ်တော်၏စာကြည့်ခန်း၌ လူနှစ်ယောက်ထိုင်နေပါသော်လည်း ဘာစကားမှမပြောပဲ တိတ်ဆိတ်လွန်းနေသည်။Kim Taemin က Taehyung ကိုသနားသောမျက်ဝန်းတွေဖြင့်ကြည့်နေပြီး Taehyung ကတော့ နေရခက်စွာပင် မျက်နှာလွှဲပြီး စာအုပ်တွေကိုငေးနေသည်။
"ဘာလို့အဆင်ပြေဟန်ဆောင်ခဲ့တာလဲ သားလေး"
တိတ်ဆိတ်လွန်းနေခဲ့တဲ့အခြေအနေကို ဖေဖေကစတင်ဖြိုခွင်းလိုက်တာကြောင့် သူလည်းစာအုပ်တွေကိုပို့ထားတဲ့အကြည့်တွေကို ဖေဖေ့မျက်ဝန်းတွေဆီသို့ရွေ့လိုက်သည်။အဆင်ပြေဟန်ဆောင်ခဲ့တာလားဆို ဟုတ်နေတာပဲမလား?ဒါပေမယ့် ဖေဖေ့ကိုဘယ်လိုပြောပြရမလဲ?ဆက်ဟန်ဆောင်ဖို့ပဲရှိသည်။။
"သားတစ်ကယ်အဆင်ပြေပါတယ်ဖေဖေ"
"ဖေဖေ့ကိုမလိမ်နဲ့...မကောင်းတဲ့ mate ကိုလည်းမကာကွယ်ပေးနဲ့...သားကိုအဲ့အိမ်တော်မှာဆက်မနေစေချင်တော့ဘူး"
"ဖေဖေ"
အဖေဖြစ်သူစကားကြောင့် Taehyung မျက်လုံးအိမ်တွေဝိုင်းစက်သွားသည်။သူဒီလိုအဖြစ်မခံနိုင်ပါ။အရာရာကိုသည်းခံနေခဲ့တာက Jeon အနားမှာရှိနေနိုင်တယ်ဆိုတဲ့အချက်တစ်ခုကြောင့်မို့ ဒီလိုဝေးရမယ့်စကားတွေကို သူမကြားချင်ဘူး။သူ့ကိုလူတိုင်းက ရူးနေတယ်လို့ထင်ကြလည်း အဆင်ပြေတယ်။သူဂရုမစိုက်ဘူး။သူက Jeon ကလွဲရင် ဘာကိုမှဂရုမစိုက်မယ့်လူစားမျိုး။နာကျင်ရမှန်းသိလည်း ဖက်တွယ်နေမိဦးမှာ။
"ပြန်သွားဖို့မစဥ်းစားနဲ့တော့"
"Jeon ကကျွန်တော့်ကိုချစ်ပါတယ်ဖေဖေ...ဂရုလည်းစိုက်တယ်...Omega တွေနဲ့တွဲတာကလည်း အပျော်သဘောပါပဲ...ဘယ်သူနဲ့မှလွန်လွန်ကျူးကျူးမရှိပါဘူး"
"ဘယ်လိုဖြစ်ပြီးအဲ့လောက်ကာကွယ်ပေးနေတာလဲသားလေး...သူကသားကာကွယ်ပေးဖို့တောင်မထိုက်တန်တဲ့လူပဲ...ကိုယ့် mate ကိုအလေးမထားတဲ့ Alpha ကို ဘာတွေအဲ့လောက်တွယ်တာနေတာလဲ...သားသိက္ခါတွေကိုထည့်တွေးစမ်း"