အရှေ့အရပ်ကနေ ထွက်စပြုနေတဲ့လိမ္မော်ရောင်နေဝန်းကြီးက ရေဗာကာတိုင်းပြည်ရဲ့ အဲပရက်စ်တောင်တန်းတွေကြားကနေ တဖြည်းဖြည်းထွက်ပေါ်လာသည်။နေရောင်မရခင်တည်းက သက်ဝင်လှုပ်ရှားနေတဲ့ရေဗာကာဟာ နေရောင်ခြည်ဖျဖျကိုရတာနဲ့ ပိုမိုစည်ကားလှသည်။ထိုအချက်ကိုကြည့်ခြင်းအားဖြင့် ရေဗာကာတိုင်းပြည်ဟာ ရှင်ဘုရင်ရဲ့အုပ်ချုပ်မှုကောင်းမှုနဲ့ စစ်မက်ကင်းရှင်းကြောင်းအတိအလင်းဖော်ပြနေသည်။
ရေဗာကာတိုင်းပြည်ရဲ့ဘုရင်စံနန်းရာ Royal Palace က မြို့တော်ရဲ့အလည်တည့်တည့်မှာတည်ရှိသည်။လမ်းမတွေပေါ်ဖြတ်သန်းသွားလာနေတဲ့ ပြည်သူပြည်သားတွေရဲ့ဝတ်စားဆင်ယင်ပုံကိုကြည့်တာနဲ့တင် အားလုံးကအဆင်ပြေကြမှန်းသိနိုင်သည်။ရေဗာကာ၏ထူးခြားချက်က လမ်းပေါ်တွင် တောင်းစားသူမရှိကြခြင်းဖြစ်သည်။သယံဇာတလည်းပေါများကြွယ်ဝသလို အလုပ်အကိုင်ရှားပါးခြင်းဆိုတာမရှိ။အားလုံးက အလုပ်အကိုင်ကိုယ်စီဖြင့် နေနိုင်စားနိုင်ကြပြီး Royal Family ကိုသစ္စာခံကြသည်။
မျက်နှာပေါ်နေရောင်ခြည်နုနုကျရောက်မှုကြောင့် violet မျက်လုံးလေးတွေ ချက်ချင်းပဲပွင့်လာသည်။မျက်လုံးပွင့်တာနဲ့ ကုတင်ဘေးမှာရပ်နေတဲ့ အထိန်းတော် Allie ကိုအရင်ဆုံးတွေ့ရသည်။ကြီးမားသောကုတင်ကြီးပေါ်တွင် အိပ်နေတာကတော့ သူတစ်ယောက်တည်းဖြစ်၏။မထူးဆန်းတော့တဲ့ ဘေးနေရာလစ်ဟာနေမှုကို တစ်ချက်သာစောင်းကြည့်ပြီး ညအိတ်ပိုးသားဝတ်ရုံအပေါ်ထပ်ကို ချွတ်ပေးဖို့စောင့်နေတဲ့ Allie ဆီကိုပဲလျှောက်သွားလိုက်သည်။
"သူမနေ့ညကပြန်လာလား"
"ပြန်လာပါတယ် သခင်မ"
"ဪ..."
ပြန်လာတယ်မလာဘူးဆိုတာ ဒီအိမ်တော်ကိုစရောက်တည်းက မေးနေကျမေးခွန်းတစ်ခုမို့ အကျင့်ပါနေသောပါးစပ်တွေက တားဆီးချိန်တောင်မရပဲမေးလိုက်မိတော့ ထူးဆန်းစွာပြန်လာသည်ဟူသောအဖြေကိုကြားရသည်။အနည်းငယ်ဝမ်းသာသွားတာကြောင့် ပြုံးရန်နှုတ်ခမ်းစွန်းတွေကိုကွေးမလိုပြင်တော့ ထပ်ကြားလိုက်ရတဲ့စကားကြောင့် ဟက်ခနဲသာရယ်ချလိုက်မိသည်။
![](https://img.wattpad.com/cover/359429848-288-k61856.jpg)