ရေဗာကာ Crown Prince စံမြန်းရာ Veno နန်းဆောင်သည် ပုံမှန်ဆိုတိတ်ဆိတ်လျက်ရှိသော်လည်း ယနေ့တွင်တော့ တခစ်ခစ်ရယ်သံများဖြင့်ပြည့်နှက်လျက်ရှိသည်။ထိုရယ်သံပိုင်ရှင်ကတော့ တစ်ခြားသူမဟုတ်..Veno နန်းဆောင်၏ပိုင်ရှင်ဖြစ်သူ Crown Prince Park Jimin ကိုယ်တိုင်ပင်။
"ဆရာကတစ်ကယ်အဲ့လိုမှတ်ချက်ပေးတာပေါ့"
"ဟုတ်ပါတယ်ရှင့်"
အထိန်းတော်ကြီးမှာ ထိုမေးခွန်းကိုချည်းထပ်တလဲလဲမေးနေတဲ့ Crown Prince ကြောင့် သက်ပျင်းခပ်ဖွဖွချ၍ ချစ်စဖွယ်လေသံအေးအေးဖြင့်ပြန်ဖြေသည်။
"ဒါဆို...ကျွန်တော်စာမရတာရေဗာကာတစ်တိုင်းပြည်လုံးသိသွားပြီပဲ"
"ဟုတ်တာပေါ့ရှင့်...ရေဗာကာတင်မကပါဘူး...တစ်ကမ္ဘာလုံးသိသွားပြီ"
အထိန်းတော်ကြီးစကားအဆုံးမှာ Jimin ရယ်သံလွင်လွင်တွေက ပိုမိုကျယ်လောင်လာသည်။အထိန်းတော်ကြီးမှာတော့ ဒီလိုဖြစ်တာတောင် အရယ်မပျက်တဲ့ကလေးကြောင့် ခေါင်းတခါခါဖြင့်သာ မနက်စာပွဲတော်ကိုကြီးကြပ်ဖို့ Jimin ကိုဦးညွတ်ကာအရိုအသေပေး၍ထွက်သွားသည်။
စာဖတ်ခန်းမှာကျန်ခဲ့တဲ့ Jimin ကတော့ အထိန်းတော်ကြီးထွက်သွားတာနဲ့ ဖတ်ချင်ယောင်ဆောင်နေတဲ့ ကိုယ်ကျင့်တရားပြဌာန်းစာအုပ်အထူကြီးကိုပိတ်ပြီး အခန်းထဲသို့ပြေးသွားသည်။အခန်းထဲရောက်တာနဲ့ ခေါင်းအုံးပွပွကြီးအောက်မှာဖွက်ထားတဲ့ Taehyung ဆီကစီလွန်ပြန်ဓါတ်ပုံလက်ဆောင်တွေကိုထုတ်ကြည့်၍ အသာအယာကိုင်တွယ်ပြီး ကြည်နူးခြင်းအပြည့်ဖြင့်ပြုံးသည်။
သူတော့အချစ်မှာ ပြီးပြည့်စုံစွာကျဆုံးသွားပြီ။ဒီအတွက် နောင်တလည်းမရသလို မဖြစ်သင့်ဘူးဟူ၍လည်းတွေးနေမည်မဟုတ်တော့ပေ။သတ္တိရှိရှိနှင့် အချစ်ကိုရင်ဆိုင်မည်။
အထိန်းတော်ကြီးက မနက်စောစောပြင်ဆင်မှုကိုလာလုပ်ပေးရင်း သူ့ကိုသတင်းတစ်ခုပါးသွားခဲ့တယ်။Time မဂ္ဂဇင်းနဲ့လုပ်ခဲ့တဲ့သူ့အင်တာဗျူးက ဆိုရှယ်မီဒီယာမှာတက်လာတော့ ဆရာကသူ့ကိုပေးခဲ့တဲ့ကတိအတိုင်း ဝင်ကြည့်ခဲ့ပြီး comment တစ်ခုပေးခဲ့သည်တဲ့။အင်တာဗျူးနေတုန်း ယုံကြည်ချက်ရှိရှိနှင့် တိုင်းသူပြည်သားတွေအပေါ် ဘုရင်တစ်ပါး၏ထားရှိရမည့် ကျင့်ဝတ်ဆိုသည့်စာပိုဒ်ကိုရွတ်ပြခဲ့သော်လည်း စာမျက်နှာအလွဲနဲ့ အချက်ရေနံပါတ်တွေမှားနေခဲ့သဖြင့် ဆရာကမှားနေကြောင်းထောက်ပြပြီး အမှန်ပြင်ပေးခဲ့သည်ဟု အထိန်းတော်ကြီးကပြောပြသည်။အမှန်တော့ ထိုအချက်ကရှက်စဖွယ်ဖြစ်နေသော်လည်း သူကတော့ထိုသို့မထင်။သူ့အပေါ်ထားတဲ့ ဆရာ့စေတနာနဲ့မေတ္တာတွေကိုသာမြင်သည်။