Jeon's Kim (I)

332 16 0
                                    

[Unicode]

ပြတင်းပေါက်ကနေ တစ်နေရာကို စိုက်ကြည့်နေသော ကောင်လေးတစ်ယောက်။ လက်သီးကို တင်းတင်းစုပ်ထားသည်မှာ ဒေါသထွက်ခြင်းအား အတိုင်းမသိထင်ရှားစေသည်။
သူသည် အပြင်ဘက်က မည်သည်ကိုကြည့်နေတာလည်းဆိုတာကိုတော့ မသိနိုင်။ သေချာတာကတော့ အပြင်ဘက်မှာ သစ်တောအုပ်ကြီးကလွဲပြီးဘာမှမရှိ။

"Jeon..."

အသံဆာဆာလေးနဲ့ခေါ်သော်လည်း ပြန်လည်လှည့်မကြည့်လာတဲ့မျက်ဝန်းတွေ။

Kimကတော့ ပြတင်းပေါက်အဝကနေ အပြင်ကိုသာစိုက်ကြည့်နေတဲ့ Jeonကိုဘာမှဆက်မပြောပဲ အနောက်ကနေ ခါးအောက်သို့လက်လျှိုဝင်ကာ သိုင်းဖက်လိုက်သည်။

"Jeon..."

နှုတ်ခမ်းဖျားက ဘာမှပြန်မဖြေပေမဲ့ ခါးကိုဖက်ထားတဲ့လက်တို့အား Jeonကအတင်းခွာချတယ်။
ဒါဟာ လူသားတစ်ယောက်က နတ်ဆိုးတစ်ကောင်ကိုချစ်မိခြင်းရဲ့ရလဒ်လား?
ဒီလူသားရဲ့ အချစ်တွေကို ဘယ်တော့များမှမြင်မှာလဲ...Jeonရယ်။
လူသားတွေနဲ့ နတ်ဆိုးတွေက ဘယ်လိုနည်းနဲ့မှပေါင်းစပ်လို့မရမှန်းသိတယ်။ နတ်ဆိုးကိုချစ်မိခြင်းက လူသားတစ်ယောက်အတွက်အပြစ်ဆိုရင် ကျေကျေနပ်နပ်ကြီးနဲ့ မီးတွင်းထဲ ခုန်ချဝံ့ပါတယ်။

"ဒီမှာရှိနေရတဲ့ နေ့ရက်တိုင်းကို ငါတကယ်စိတ်ပျက်နေပြီ"

Jeonရဲ့အသံဟာ နူးနူးညံ့ညံ့လေးတစိုးတစိမျှမပါပဲ မာကျောခက်ထန်မှုတွေသာပါ၏။ နောက်ထပ်လည်း နှလုံးသားကို ရစရာမရှိအောင်ထိုးနှက်မဲ့ စကားလုံးတွေ ထွက်ကျလာဦးမယ် ထင်ပါရဲ့။

"Jeon...ဒီတောအုပ်ထဲကနေ ထွက်သွားလို့မရတာ သိမှာပါ"

Kimကတော့ Jeonကိုဖက်မြဲဖက်ထားဆဲ။ Jeonထက် လူကောင်သေးတဲ့ Kimဟာ Jeonကိုဖက်ကာ နောက်ကျောပြင်ကြီးအား ပါးလေးအပ်ထားသည်။

"မင်း အရေးမပါတာတွေ လုပ်နေတာ တော်သင့်ပြီ...Kim!ငါ့ရဲ့စွမ်းအင်တွေပြန်ပေးတော့!"

Jeonရဲ့စကားသံတွေဟာ တစ်စတစ်စနဲ့ပိုမိုခက်ထန်လာတာကို Kimသတိထားမိတယ်။
Jeonဟာ Kimရဲ့လက်နုနုလေးတွေကို အတင်းဆွဲဖြုတ်ကာ Kimဘက်သို့လှည့်ကာ စူးရဲတဲ့အကြည့်တွေနဲ့ ဆုံပစ်လိုက်သည်။
နတ်ဆိုးတစ်ကောင်ရဲ့ မီးလိုတောက်နေတဲ့အကြည့်စူးစူးတွေကို လူသားတစ်ယောက်က ခံနိုင်မှာတဲ့လား။ ဘယ်လောက်ပဲ စွမ်းအားတွေနှုတ်ယူထားတယ်ပဲ ဆိုဦးတော့...ပင်ကိုမူလဗီဇကတော့ ပျောက်ကွယ်သွားမှာတော့မဟုတ်။ စွမ်းအင်မရှိလို့ ပြန်မခုခံနိုင်တာလောက်ပဲရှိမှာ။

TAEKOOK •Short Stories• (Completed) Where stories live. Discover now