[Unicode]~ဒေါက်~ဒေါက်~ဒေါက်~
"Jungkookie...ဦးငယ်နဲ့ ညနေစာအတူစားရအောင်..."
Taehyungအသံဟာလည်း ဖျော့တော့နေကာ နာရေးပြီးကတည်းက ထမင်းလုံးဝဆင်းမစားဘဲ အခန်းတွင်းအောင်းနေသည့် တူဖြစ်သူကို ခေါ်ထုတ်နေရ၏။
Taehyungလည်း တံခါးဖွင့်ကာ ဝင်သွားလိုက်သည်။
ကုတင်ပေါ်မှာ ဒူးနှစ်ချောင်းထောင်ကာ မျက်နှာအပ်ပြီးငိုနေတဲ့ Jungkookကြောင့် Taehyungစိတ်မကောင်းတော့ပေ။
Taehyungက Jungkookဘေးနားဝင်ထိုင်ရင်း..."Jungkookie... မင်းအဲ့လိုပဲ နေနေတော့မှာလား..."
"..."
ရှိုက်သံတစ်စွန်းတစ်စသာကြားနေရပြီး စကားပြန်မပြောလာသည့် တူငယ်ကြောင့် Taehyungသက်ပြင်းသာဆွဲချလိုက်ရသည်။ သူလည်း ဘာမှမတတ်နိုင်တာ။
" ဦးငယ် ကို ကြည့်စမ်း..."
ထို့နောက် Jungkookက သူ့အားမော့ကြည့်လာ၏။
ငိုထားသည်ကြောင့် မျက်လုံးတွေနီရဲနေကာ နှာခေါင်းထပ်ကလည်း နီနီလုံးလုံးလေးဖြစ်နေပြန်သည်။"မငိုနဲ့တော့...၊ ငိုနေလည်း မမနဲ့ အစ်ကိုကြီးက ပြန်ရောက်လာမှာမဟုတ်ဘူး..."
ဒီလိုစကားမျိုး ဒီလိုအချိန်မှာ မပြောသင့်မှန်းသိပေမဲ့ ကလေးငယ် စိတ်ဓာတ်ကြံ့ခိုင်ဖို့ ဒီလိုစကားမျိုးကလွဲပြီးမရှိ။
" ဟင့်... ကျွန်တော် တစ်ယောက်တည်း ဖြစ်နေတော့မှာ..၊ မနက်တိုင်း မနက်စာလုပ်ပေးမဲ့ မာမီလည်းမရှိတော့ဘူး၊ မာမီဆူရင် တိတ်တိတ်လေး လာချော့တတ်တဲ့ ဒယ်ဒီလည်းမရှိတော့ဘူး...။ အမြဲတမ်း ကျွန်တော်တစ်ယောက်တည်း နေရတော့မှာ..."
Taehyungနားလည်ပါသည်။ ဒါကြောင့် ခေါင်းလုံးလုံးလေးကို ပွတ်သပ်ပေးပြီး ဖက်ထားကာ...
"အရာရာကို အမြဲတမ်း တစ်သမတ်တည်းတွေးထားလို့မရဘူး Jungkookie...။ အချိန်တန်ရင် ကိုယ့်ဘဝကိုယ်တစ်ယောက်တည်း ရပ်တည်ပြီးရှင်သန်ရမှာ။ လောကကြီးမှာ တည်မြဲတဲ့အရာဆိုတာ မရှိဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ကိုယ်က စိတ်ဓာတ်ပျော့ညံ့နေလို့မရဘူး။ ကိုယ်ကိုယ်တိုင်က စိတ်ဓာတ်ပျော့ညံ့နေရင် နောက်လာမဲ့ ပြဿနာတွေ၊ အန္တရာယ်တွေကို တစ်ယောက်တည်း ဘယ်လိုရင်ဆိုင်မလဲ...။ "
YOU ARE READING
TAEKOOK •Short Stories• (Completed)
FanfictionJeon Jungkook × Kim Taehyung /KV/ {Unicode & Zawgyi}