[Unicode]ညနေရောက်မှ ဆိုင်းမဆင့်ဘုံမဆင့်မိုးက သည်းကြီးမည်းကြီးရွာချလာတာမို့ Taehyungမှာ အိမ်ကိုပြန်မလာသေးသည့် Jungkookကို ပို၍စိတ်ပူလာတော့သည်။ ပုံမှန်ဆိုရင် စိတ်ဆိုးနေသည့်အချိန်မှလွဲ ကျန်တဲ့အချိန်တွေ အပြင်ထွက်ပြီဆို သူ့ကို အကျိုးအကြောင်းပြောသွားတတ်သူမို့ Taehyung ပိုပြီးစိတ်ပူနေရတာ။ အခု ဖုန်းတွေ အခေါက်ခေါက်အခါခါဆက်လည်း မကိုင်တာမို့ ပြတင်းပေါက်ကနေသာ ပြန်မလာသေးသူကို မျှော်နေရသည်။
အမေနဲ့ကလည်း စကားများထားတာမို့ အမေနဲ့လည်း စကားဆက်ပြောချင်စိတ်ကရှိမနေတော့။ ပြတင်းပေါက်ကနေသာ အပြင်ကို မျှော်ကြည့်နေမိသည်။
ခဏနေတော့ ခြံထဲကို လမ်းလျှောက်ဝင်လာခဲ့တဲ့ Jungkook။
ဒီလောက် မိုးတွေရွာနေတာတောင် ထီးတစ်ချောင်းတောင်မပါဘဲ ရောက်လာခဲ့တာမို့ Taehyung အလွန်အမင်း စိတ်ပူကာ ထီးယူပြီး အပြင်ပြေးထွက်ရတော့၏။
သိပ်ခက်ပါလား...မောင်ရယ်...။"မောင်...!!"
Taehyungသည် Jungkookအနားအပြေးသွားကာ ထီးမိုးပေးတော့သည်။ Jungkookက ငူငူငိုင်ငိုင်ကြီးရပ်နေကာ Taehyungကိုသာ စိုက်ကြည့်နေသည်မို့ Taehyungအိမ်ထဲဝင်ရန် လက်ဆွဲခေါ်ရ၏။
"အထဲဝင်ကြမယ်...မောင်..."
လက်ကျန်မိုးရေစက်တို့သည် မောင့်၏ခန္ဓာကိုယ်ထက်၌ပြေးလွှားစီးဆင်းနေတော့သည်။ မောင့်မျက်နှာပေါ်က မျက်ရည်တွေလား၊ မိုးရည်တွေလား မသဲကွဲ။
"မောင်... ဘာဖြစ်လို့လဲ...ကိုကို့ကို ပြော...။ မင်း အိမ်ပြန်မလာတာ သုံးရက်တောင်ရှိနေ...အွန့်..."
ထပ်တူကျသွားတဲ့ နှုတ်ခမ်းပါးတွေဟာ Taehyung၏စကားတွေမဆုံးသေးပါဘဲ လက်ထဲက ထီးကိုပါလွတ်ကျစေခဲ့သည်အထိ နင့်နင့်သည်းသည်းဖြစ်ခဲ့သည်။
မိုးရေထဲတွင် လူသားနှစ်ယောက်၏ အနမ်းဖလှယ်မှုသည် စက္ကန့်အတော်ကြာလာတော့ အောက်ဆီဂျင်ပြတ်လပ်မှုက စတင်အချက်ပြလာ၏။မိုးရေတွေ စိုရွှဲလာသည့် Taehyungခန္ဓာကိုယ်သည် အနည်းငယ်ရုန်းထိုးစပြုလာသည်။
"Jungkook...အု...တော်...တော့..."
ခဏအကြာမှ လွှတ်ပေးလာသည့် Jungkookသည် စကားတစ်ခွန်းကို ပြောဆိုလာခဲ့သည်။
YOU ARE READING
TAEKOOK •Short Stories• (Completed)
FanfictionJeon Jungkook × Kim Taehyung /KV/ {Unicode & Zawgyi}