Poison (II)

90 8 0
                                    

[Unicode]

နောက်တစ်နေ့မနက်မှာတော့ Taehyungသည် ညကဖြစ်ခဲ့သည့်အပြုအမူတွေအတွက် Jungkookအား အနည်းငယ်ခပ်ခွာခွာနေခဲ့ကာ Jungkookသည်လည်း Taehyungအား စကားမပြောဘဲ ရှောင်နေတော့သည်။

ဒီလိုရက်တွေ စိပ်လာတာနှင်အမျှ တကယ်တမ်းမနေနိုင်တော့တာက Taehyung။
ရက်အနည်းငယ်လောက်တော့ Jungkookကို နည်းနည်းလန့်သွားလို့ရှောင်နေပေမဲ့ ယခုတော့ Jungkookဟာ Taehyungအား အနားတောင်အကပ်မခံ။ အရင်လို အိမ်မှရှိနေတာမျိုးမဟုတ်ပဲနဲ့ မနက်အစောကြီးကပင် အပြင်သွားပြီး ပြန်လာရင်လည်း ညနောက်ကျမြှပန်လာ၏။
ပြီးရင်လည်း အခန်းထဲမှာ ညဉ့်နက်တဲ့အထိ ဆေးလိပ်တွေသောက်နေတတ်သေးတယ်။

ကြာလာတော့ Taehyung မနေတတ်တော့တာကြောင့် ဒီနေ့တော့ Jungkookကို ရအောင်ချော့ဖို့ကတော့ စဉ်းစားထားသည်။ ဒီနေ့တော့ ထူးထူးဆန်းဆန်း Jungkookက အပြင်မသွား။ သို့ပေမဲ့ Taehyungကတော့ အလုပ်ရှိသေးတာမို့ ညနေမြှပန်ရောက်လာ၏။

ရေမိုးချိုးပြီးတော့ Jungkookအခန်းထဲဝင်လာခဲ့လိုက်၏။ အလျင်စလိုဖြစ်နေတာကြောင့် တံခါးမခေါက်ပဲ ဝင်သွားမိသည်။ ထိုအခါ လက်ထဲမှာ စာရွက်စာတမ်းတချို့နဲ့ အလုပ်ရှုပ်နေသည့် Jungkookက ဝင်လာသည့် Taehyungကို စိတ်ရှုပ်သလိုကြည့်သည်။

"ကျုပ်အခန်းထဲဘာလို့ဝင်လာတာလဲ? အခုချက်ချင်းထွက်သွား!..."

ကြမ်းကြမ်းတမ်းတမ်းအပြောခံလိုက်ရတာမို့ Taehyungရင်ထဲဝမ်းနည်းသွားရ၏။

"Jungkook...ကိုကို့ကို စိတ်ဆိုးပြေပါတော့နော်။ ကိုကိုတောင်းပန်ပါတယ်"

"အရေးမပါတဲ့ စကားတွေ ဆက်ပြောနေဦးမယ်ဆိုရင် မြန်မြန်သာ ကျုပ်ရှေ့က ထွက်သွားလိုက်တော့...Kim Taehyung၊ ပြီးတော့...ကျုပ်က ခင်ဗျားကို တောင်းပန်ခိုင်းနေတာမဟုတ်ဘူး"

"ကိုကိုသိပါတယ်။ ဒါပေမဲ့ ကိုကို့ကို အဲ့လိုမျိုးကြီးဆက်ဆံတော့ ကိုကိုဝမ်းနည်းတယ်...Jungkookရယ်"

Jungkookသည် သူ့ရှေ့က မျက်ရည်တွေဝဲနေသည့် Taehyungကိုကြည့်ကာ စိတ်မရှည်စွာဖြင့်...

"ခင်ဗျား...ကျုပ်အခန်းထဲက ထွက်သွားမှာလား!"

"ဟင့်အင်း..."

TAEKOOK •Short Stories• (Completed) Where stories live. Discover now