Jeon's Kim(II)

144 10 0
                                    


[Unicode]

ညလေပြေက လူကိုချမ်းစိမ့်စိမ့်ဖြစ်စေတာကြောင့် ဝရံတာမှာမတ်တပ်ရပ်နေရင်းနဲ့မှ အခန်းထဲသို့ပြန်ဝင်လာခဲ့ပြီး တံခါးကိုပိတ်ကာ စာရေးစားပွဲပေါ်မှာ powerမပိတ်ရသေးတဲ့ laptopဆီသို့ဦးတည်မိသည်။

ရေးလက်စ ဝတ္ထုမှာ အစရှာမရတော့သဖြင့် ရေးဖို့ကို ဆိုင်းငံ့ထားရခြင်း။
လက်ချောင်းသွယ်သွယ်တို့ကို keyboardပေါ်တွင် တင်ထားသော်လည်း ဦးနှောက်ထဲစာမစီရသေးသောအခါ ဒီတိုင်း ငိုင်ငိုင်ကြီးသာဖြစ်နေရသည်။

သက်ပြင်းရှည်ကြီးချ၍ မှန်တံခါးဖြစ်သည့်ပိတ်ထားသောဝရံတာဘက်ကို လှည့်ကြည့်လိုက်တော့ ကောင်းကင်ပေါ်မှာ ကြယ်လေးတွေက မှိတ်တုတ်မှိတ်တုတ်။
ဒီညတော့ တိမ်မထူဘူးပဲ။

သူ့နာမည်က Kim Taehyung။ တစ်နည်းအားဖြင့်ပြောရရင် လူမှုကွန်ရက်ပေါ်မှာတင်မကဘဲ နိုင်ငံရဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်သည့် Kim V။
Kim Vရေးသည့် ဝတ္ထုတွေဆိုလျှင် လူကြီး၊လူငယ်မရွေး ဖတ်ကြတာပင်။ အချစ်ဝတ္ထုသီးသန့်ရေးတဲ့ စာရေးဆရာတစ်ယောက်မဟုတ်ပေမဲ့ သုတ၊ရသ မျိုးစုံရေးသည့် စာရေးဆရာတစ်ယောက်။

မြို့အလယ်မှာရှိတဲ့ အမြင့်ဆုံးကွန်ဒိုဖြစ်သည့် အထပ်အမြင့်တွင်နေတာမို့ မြို့ရဲ့ညဘက်အလှကို ဒီတိုင်း ထိုင်နေရင်းနဲ့တောင်မြင်နိုင်သည်။

ယခုတော့ သူရေးနေတဲ့ သရဲဝတ္ထုအတွက် ရေးစရာပျောက်ရှနေ၏။
keyboardပေါ်က လက်တွေဖယ်ပစ်ကာ...

"မဖြစ်တော့ဘူး... ငါအနားယူဖို့လိုနေပြီ..."

နားထင်ကြောကို လက်ဖြင့်ဖိကာ အိပ်ယာပေါ်သို့ စိတ်ပျက်လက်ပျက်ဖြင့် ပက်လက်လှဲချလိုက်သည်။ အချိန်အားဖြင့် ည9နာရီခွဲ 10နာရီဝန်းကျင်ဖြစ်နေပြီမို့ သူလိုစာရေးဆရာတစ်ယောက်အတွက် အထူးတလည်မဟုတ်ပေမဲ့ သာမန်လူတွေအတွက်တော့ အိပ်မက်လှလှမက်နေမည့်အချိန်။

Taehyungဟာ အောက်ခြေကနေ ကြိုးစားခဲ့တဲ့ စာရေးဆရာတစ်ယောက်ပါ။ ဒီလိုနာမည်ကြီးတစ်ယောက်ဖြစ်တာ၊မဖြစ်တာထက် လူတွေက သူရေးတဲ့စာတွေကို ကောင်းသည်၊ဆိုးသည် ဝေဖန်ပြီး စိတ်လိုအားရဖတ်စေချင်တာ။ ယခုလို နာမည်ကြီးတစ်ယောက်ဖြစ်လာတော့ အသက်25ဆိုသည့် သူလိုငယ်ငယ်ချောချော စာရေးဆရာလေးဟာ နှုတ်ခမ်းနီမလေးများရဲ့ အသည်းစွဲ။ ယောက်ျားလေးတွေကြားမှာလည်း ရေပန်းစားပါတယ်။

TAEKOOK •Short Stories• (Completed) Where stories live. Discover now