Poison (I)

105 6 0
                                    


[Unicode]

သားသမီးက လူပျိုဝင်ကာစအရွယ်ပဲရှိသေးတယ်။ လင်ယောက်ျားဖြစ်တဲ့သူကလည်း ဆုံးသွားတာဖြင့် ဘယ်လောက်မှမကြာသေးဘူး။ နောက်အိမ်ထောင်ကို ကောက်ကာ ငင်ကာ ထပြုလိုက်တဲ့ အမေ့ကို Taehyung ဘယ်လိုမှ နားမလည်နိုင်တော့ပါ။

အထက်တန်းကျောင်းသားအရွယ် စိတ်ခံစားချက်တွေ ဗလုံးဗထွေး ဖြစ်နေပေမဲ့ အမေ့ကိုတော့ Taehyung ဘယ်လိုနည်းနဲ့မှ မလွန်ဆန်နိုင်။ အဖေရှိတုန်းကတောင် အမေ့ကိုမနိုင်ခဲ့။ အဖေက အမေ သေဆိုသေ၊ရှင်ဆိုရှင်ပဲ။

အခုလည်း ဒီနေ့မနက် အမေက ငွေကိုရေလိုဖြုန်းနိုင်ပြီး ဆယ်ဘဝထိုင်စားရင်တောင် သုံးမကုန်တဲ့ စည်းစိမ်ပိုင်ဆိုင်မှုတွေရှိတယ်၊ ကျောထောက်နောက်ခံလည်းကောင်းတဲ့ လူကြီးတစ်ယောက်နဲ့ လက်ထပ်ပွဲလုပ်ပြီး အဲ့ဒီ့လူကြီးရဲ့ အိမ်ကို သားအမိနှစ်ယောက်လုံး လိုက်သွားရတော့သည်။

လမ်းတစ်လျှောက်က အရာတွေကို Taehyung မျက်တောင်မခတ်တမ်း လိုက်ကြည့်နေမိသည်။ လူချမ်းသာရပ်ကွက် ဆိုသည့်အတိုင်း တိတ်ဆိတ်ငြိမ်သက်နေကာ အရာအားလုံးက Taehyungတို့လို သာမန်လူလတ်တန်းစားတွေအတွက် အထူးအဆန်းတွေချည်း။

"သား..."

Taehyungဘေးမှာ ဝတ်ကောင်းစားလှတွေအပြည့်နဲ့ နှုတ်ခမ်းနီရဲရဲခြယ်ထားတဲ့ အမေက အဖေရှိစဉ်တုန်းကလို လှသွေးကြွယ်နေဆဲပဲ။

အမေခေါ်တော့ Taehyung ကားပြတင်းကိုကြည့်နေရာမှ ဘာများလဲ ဟူသည့်သဘောဖြင့် အမေ့ဘက်ကို လှည့်ကြည့်လိုက်သည်။

"အိမ်ကိုရောက်ရင် သား လိမ်လိမ်မာမာနေရမယ်။ အမေ အခုလုပ်နေတာအားလုံးက သား ကောင်းစားဖို့အတွက်ချည်းပဲမို့ သားသာ တစ်ခုခုလွဲချော်သွားခဲ့ရင် အမေကြိုးစားထားသမျှ အကုန်သဲထဲရေသွန်ဖြစ်ကုန်မှာ...နားလည်လား"

Taehyung အမေ့ကို တကယ်စိတ်ပျက်မိပါသည်။ စကားလှအောင်သာ သားအတွက်လို့ ပြောနေပေမဲ့ တကယ်တမ်းအကျိုးအမြတ်တွေခံစားချင်နေတာက အမေပဲလေ။ သူ့အသက်အရွယ်ကလည်း ငယ်တော့တာလည်းမဟုတ်။ အထက်တန်းကျောင်းသားပဲ ဖြစ်နေပြီ။ ဒီလိုမျိုး စကားလုံးချိုချိုလှလှလေးတွေနဲ့ နားယောင်အောင် သွေးဆောင်ဖျားယောင်းရင် အဟုတ်ကြီးမှတ်သွားမဲ့ ကလေးငယ်ငယ်လေးမှမဟုတ်တာ။

TAEKOOK •Short Stories• (Completed) Where stories live. Discover now