With you (I)

100 10 0
                                    


[Unicode]

"သားရေ...!! Jeon Jungkookie!! "

"ဗျာ!! မာမီ"

အမေဖြစ်သူက အောက်ကနေ အဖေဖြစ်သူနဲ့အတူ အထုပ်အပိုးတွေနှင့် အပေါ်ထပ်မှာရှိနေတဲ့သားငယ်ကို ခေါ်တော့ သားငယ်လေးသည် လှေကားပေါ်မှ ဖြေးဖြေးချင်းဆင်း၍ ထူးလာလေသည်။

"သားငယ်... မာမီတို့ သွားတော့မယ်နော်...။ အဒေါ်ကြီးနဲ့ ကောင်းကောင်းမွန်မွန်နေ ကြားလား! ပြန်လာလို့ တိုင်သံတောသံတွေကြားရင် မာမီနဲ့တွေ့မယ်"

အိမ်တော်ထိန်းအဒေါ်ကြီးကလည်း Jungkookဘေးနားတွင်ရပ်နေကာ သူ၏ သခင်မနှင့်သခင်ကြီးကို နှုတ်ဆက်ရန်စောင့်ဆိုင်းနေသည်။

"မိန်းမရေ...! သားကို မှာပြီးရင် မြန်မြန်လာတော့ ကားအဆင်သင့်ဖြစ်ပြီ"

Jungkookရဲ့အဖေသည် ကားထဲကနေ သူ့မိန်းမကို အော်ပြောနေ၏။

" သားလည်း သားရဲ့ဦးငယ်နဲ့ လိမ်လိမ်မာမာနေခဲ့...ဒယ်ဒီတို့ ပြန်လာရင် သားအတွက် လက်ဆောင်ဝယ်လာခဲ့ပေးမယ်"

ဒယ်ဒီ့ရဲ့စကားသံကြားတော့ Jungkookမျက်လုံးတွေဝိုင်းစက်သွားရသည်။

"မာမီ...မာမီ... ဦးငယ်ရော ဒီကိုလာဦးမှာလား ဟင်..."

"ဒါပေါ့...သားရဲ့ မေမေတို့ ခရီးက ရက်ရှည်တယ်လေ။ ဒီကြားထဲမှာ သားက အဒေါ်ကြီးတစ်ယောက်ထဲနဲ့မဖြစ်ဘူး။ အဲ့တာကြောင့်မို့ သားရဲ့ဦးငယ်ကို မာမီက သားနဲ့အတူ ဒီမှာခဏလာနေခိုင်းထားတာ..."

Jungkookရင်တွေဗြောင်းဆန်ကုန်သည်။ သူ့ဦးငယ်ကို သူတကယ်ကြည့်မရပေ။ သူကြီးတယ်ဆိုပြီး ကလေးကို ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့ ဆိုပြီး လိုက်ချုပ်ချယ်နေတာ။ အရမ်းကို အမြင်ကပ်သည်။ ဒီလိုလူနဲ့ မာမီနဲ့ဒယ်ဒီတို့ပြန်မလာခင်အထိ နေရမှာ သူ့အတွက်တော့ ငရဲလိုမျိုးပင်။
မာမီမရှိတုန်း လွတ်လွတ်လပ်လပ်နေမည့်အစီအစဉ်တွေအားလုံး အကုန်ရေစုန်မျောပြီ။

မာမီကားပေါ်တက်သွားသည်နှင့် တစ်ပြိုင်နက် ကားအနက်ရောင်လေးဟာလည်း ခြံထဲကနေထွက်သွား၏။ Jungkookက ထိုအရာကို မျက်စိရှေ့ကပျောက်သွားသည်အထိ ကြည့်နေတော့သည်။

TAEKOOK •Short Stories• (Completed) Where stories live. Discover now