Jeon's Kim (Final)

134 10 0
                                    


[Unicode]

"Taeလေး နွေးနွေးထွေးထွေးဝတ်ပြီးအိပ်နော်..."

"ဟုတ်ကဲ့ hyung..."

အပြန်မှာ မိုးမိလာသည်မို့ အိမ်ရောက်သည်နှင့်ရေအမြန်ချိုးကာ အနွေးထည်ထူထူကိုဝတ်ထားရသည်။ မိုးသည်လည်း မတိတ်သေး။

အစ်ကိုက Taehyungကို မှာပြီး အခန်းထဲကထွက်မယ်ပြင်တော့...

"hyung..."

"ပြောလေ...Taeလေး..."

"ပွဲက...ပျက်သွားတာပေါ့..."

အစ်ကိုက သက်ပြင်းတစ်ခုကို ချပြီးတော့ ခဏလောက်နေမှ စကားကိုပြန်ဆိုလာ၏။

"အဲ့လိုပဲ ဆိုရတော့မှာပေါ့။ အရင်နှစ်တွေက ထွက်ပြေးတာလောက်ပဲ ကြုံဖူးတာ။ ဒီလိုမျိုး အဆုံးစီရင်တာမျိုးတော့ မကြုံဖူးဘူး။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့ Taeလေးရယ်။ အစ်ကိုတို့ ဒီမြို့က လူတွေက သူတို့လယ်တွေ အဆင်မပြေရင်ဆိုပြီး တခြား တစ်နေရာမှာလည်း အလုပ်ကိုယ်စီရှိကြတာပါပဲ..."

"hyungရောပဲလား..."

hyungကခေါင်းညိမ့်သည်။

"ဒါမျိုးကို ဒီကလူတွေအကုန်လုံး ကြုံဖူးကြပါတယ်။ Taeလေးက လူစိမ်းမို့လို့ ဒါမျိုးတွေနဲ့ မရင်းနှီးသေးတာပါ။"

အစ်ကိုက ပြောရင်း Taehyungခေါင်းလေးကို ခပ်ဖွဖွပုပ်ပေးကာ အိပ်ခန်းထဲမှထွက်သွားသည်။

Taehyungအခန်းတံခါးကို သေချာပိတ်ကာ ကုတင်ထက်၌ စောင်ကို ဆွဲခြုံကာ ကုတင်ခေါင်းရင်းကိုမှီ၍ တစ်စုံတစ်ခုကို တွေးပူပြီး ထိတ်လန့်နေမိသည်။ ဘာလို့များ ဒီလိုတြွေဖစ်သွားရတာ သူ့ကြောင့်လို့ စိတ်က တစ်ထစ်ချ ထင်နေမိရတာလဲ။
hyungနဲ့မရီးတို့က အေးအေးလူလူဖြစ်နေပေမဲ့ တကယ်တမ်း စိတ်တွေဂနာမငြိမ်တာက Taehyungပင်။

မှန်ပြတင်းခြားထားသည့် အပြင်ဘက်ကိုကြည့်လိုက်တော့ မိုးကလည်း ခြောက်ခြားဖွယ် သည်းကြီးမဲကြီး ရွာနေသည်။ တစ်ခါတစ်ခါ မိုးခြိမ်းသံအကျယ်ကြီးကလည်း နားထဲဝင်ဝင်လာသည်။

ချွေးစေးတွေထွက်ကာ လက်သည်းတွေကို ကုတ်ဖဲ့နေရသည်မှာ စိတ္တဇရောဂါသည် တစ်ယောက်လို။
တစ်ယောက်တည်း နေခဲ့တုန်းကတောင် ဒီလိုမျိုး တစ်ခါမှ တုန်လှုပ်ခြောက်ခြားမနေခဲ့ဖူးဘူး။

TAEKOOK •Short Stories• (Completed) Where stories live. Discover now