Uni
_____
-မချစ်ပဲမနေပါနဲ့-
________________" အကို ကျွန်တော့်ကိုဘယ်ခေါ်လာတာလည်း"
" ဒါအကို့အဖွားခြံလေ "
အပင်မျိုးစုံ စီတန်းထားတဲ့ ခြံအကျယ်ကြီးကို
ဝမ်ရိပေါ် မျက်စိကစားရင်း စူးစမ်းနေမိသည်။
ထို့နောက် ချစ်စရာတစ်ထပ်အိမ်ကလေး
ရှေ့တွင်အဖွားဖြစ်ဟန်ရှိသော အမျိုးသမီး
တစ်ယောက်သူတို့ကိုပြုံးကြည့်နေတာ
သတိထားမိသွားသည်။"လာရိပေါ်လေး"
ရိပေါ်ဘာမှ ပြန်မပြောသေးခင် အကိုက
သူ့လက်ကို ဦးစွာ ဆွဲခေါ်သွား၏
နှင်းဆီရနံ့က နှာဝကို မကြာခဏ လာ
နှုတ်ဆက်နေသည်။ ငှက်ကလေးတွေ တကျီကျီ အော်သံနဲ့အတူ အကို့ခေါ်လာသည့်နေရာမှာ
ပုံပြင်ထဲက အိမ်ကလေး သဖွယ်" သားတို့ အလည်လာတာလား"
" ဖွား ဒါ သားပြောပြဖူးတဲ့ကလေးလေးလေ"
ကလေးလေး ဟူသော အသုံးကြောင့်
ဝမ်ရိပေါ် မပြုံးမိအောင် ထိန်းချုပ် ချိန်ပင် မမှီလိုက်ပါ ။ ပါးမို့မို့လေး ပန်းနုရောင်သန်းသွား၏
ဤအရာဟာအကိုပေးသော နွေးထွေးမှုသာ
ဖြစ်လေသည်။" ချစ်စရာပါ ကြည့်ပါအုံး"
"ကျေးဇူးတင်ပါတယ်အဖွားကျွန်တော့်နာမည်
ဝမ်ရိပေါ်ပါဗျ""လာလာနေ့လည်စာ အတူစားရအောင် ကွယ်"
"ဟုတ်ကဲ့"
စက်ရုပ်တစ်ရုပ်လိုနေ့စဉ်ရက်ဆက် နေထိုင်လာခဲ့တဲ့ သူ့ဘဝကို အကိုက အရောင်တွေခြယ်သ ပေးခဲ့တာ
နေ့လည်စာစားပြီးနောက် ခြံထဲ ဆင်းတာတောင်
အကိုဟာ သူ့လက်ဖဝါးနုနုကို
ထွေးပွေ့ထားခဲ့သည်။
အရာရာဟာ ကြည်နူးစရာ ဝမ်းနည်းစရာ
ကြေကွဲပစ်လိုက်ချင်စရာ
အကိုသာ သူတစ်ယောက်တည်းအပိုင်ဆို
ဒီကမ္ဘာဟာဘယ်လောက်လှလိုက်မလည်း" ကျေးဇူးပါ အကို "
"မလိုပါဘူးဗျာ "
" ကျွန်တော် ပန်းကလေး တစ်ပွင့်လောက်
ရနိုင်မလား"" ဒီအပင်တွေထဲက ကြိုက်တာ သယ်သွားလိုက်
ရိပေါ်လေး မင်းအတွက် အကိုလက်ဆောင်ပေးတာ "
YOU ARE READING
If we have second chance!
Fanfiction-အကိုက အရက်စက်နိုင်ဆုံး ရက်စက်နိုင်သူဖြစ်ပြီး ကျွန်တော်ကတော့ ပစ်ချခံရလဲ ရင်နာရမှန်း မသိတတ်သူဖြစ်ပါသည်- -အကိုက အရက္စက္နိုင္ဆုံး ရက်စက်နိုင်သူဖြစ်ပြီး ကျွန်တော်ကတော့ ပစ်ချခံရလဲ ရင်နာရမှန်း မသိတတ်သူဖြစ်ပါသည်- Kyarnge short story if you don't like mute...